မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် မြေသယံဇာတအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲရန် လိုအပ်

 

နေပြည်တော် အောက်တိုဘာ ၅

 

အမျိုးသား     မြေအသုံးချမှု ကောင်စီ တတိယအကြိမ် အစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှု ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြား သည်။

 

အစည်းအဝေးသို့    အမျိုးသား မြေအသုံးချမှု     ကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့်  ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာ  သီတာဦး၊  ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးသောင်းဟန်၊ ဦးမျိုးမြင့် ဦးနှင့် ဦးရွှေလေး၊  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊  ညွှန်ကြားရေးမှူးချုပ်များ၊         ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး   အမျိုးသားမြေအသုံး ချမှုကောင်စီဝင်    တိုင်းဒေသကြီးနှင့် ပြည်နယ်    ဝန်ကြီးချုပ်များက   ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

အစည်းအဝေးတွင်     အမျိုးသား မြေအသုံးချမှုကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေး သည်   အမျိုးသားမြေအသုံးချမှုမူဝါဒပါ  ရည်ရွယ်ချက်များ၊  လမ်းညွှန်မှုများနှင့် အခြေခံမူများကို   အကောင်အထည်ဖော် ဆောင်ရွက်ရေး၊  မြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သော ဥပဒေများကို  အကောင် အထည်ဖော်  ဆောင်ရွက်နိုင်ရေးဖွဲ့စည်းခဲ့သည့် “အမျိုးသားမြေအသုံးချမှု ကောင်စီ”၏   တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ပြီး ယခင် ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ် ချက်များ၊ ကောင်စီ၏  လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိ မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို  ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း။

 

မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည်  ၂၆၁၂၂၈ စတုရန်းမိုင်ခန့်    ကျယ်ဝန်းပြီး အရှေ့တောင်အာရ ှဒေသအတွင်း ဧရိယာ အကျယ်အဝန်း ဒုတိယအကျယ်ဆုံးဖြစ်ကြောင်း၊ မြေသယံဇာတနှင့်  ရေသယံ ဇာတ  အရင်းအမြစ်များ ပေါကြွယ်ဝပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအတွက် သင့်လျော်ကောင်းမွန်သည့်   ရာသီဥတု အခြေအနေနှင့်    ပြည့်စုံသည့်   နိုင်ငံဖြစ်ကြောင်း။

 

မြေသယံဇာတ    အရင်းအမြစ်များ သည် လူသားများ၊ လူမှုအသိုင်းအဝိုင်းများ ဖြစ်တည်မှုအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအကျဆုံး   သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သော်လည်း  အခြား သယံဇာတ အရင်းအမြစ်များနှင့်မတူသည့် အချက်မှာ    တိုးပွားအောင်လုပ်၍မရဘဲ အကန့်အသတ်ရှိသည့် သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သည်      ဆိုသည်ကို သတိပြုရမည်ဖြစ်ကြောင်း။

 

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေ တိုးပွားလာမှုနှင့်     မြေဆီလွှာယိုယွင်း ပျက်စီးမှုတို့ကြောင့် ၂၀၂၀  ပြည့်နှစ်တွင်  လူတစ်ဦး     စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧရိယာ  သုည ဒသမ ၁၈ ဟက်တာ ခန့်သာရှိကြောင်း၊  အဆိုပါအခြေအနေကို ၁၉၆၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်လျှင် ထက်ဝက် ခန့်ကျဆင်းလာသည်ကို    တွေ့ရမည် ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင် လက်ရှိထက်  ထက်ဝက်ခန့် ထပ်မံကျဆင်းသွားမည်ဟု ခန့်မှန်းထားကြောင်း။

 

မြေသယံဇာတ  အရင်းအမြစ်များ သည်   လူသားများအတွက်   အခြေခံအကျဆုံး သဘာဝ သယံဇာတအရင်းအမြစ် များဖြစ်ပြီး  စားနပ်ရိက္ခာ၊  သန့်ရှင်းသော ရေနှင့်    ဇီဝမျိုးစုံမျိုးကွဲများ  အပါအဝင် အခြားဂေဟစနစ်   ဝန်ဆောင်မှုများကို မြေသယံဇာတ    အရင်းအမြစ်များက ထောက်ပံ့ပေးနေခြင်း   ဖြစ်ကြောင်း၊ မြေသယံဇာတ   အရင်းအမြစ်များသည် လူသားများ အတွက်   အခြေခံအကျဆုံး  သဘာဝသယံဇာတ    အရင်းအမြစ်များ ဖြစ်သော်လည်း     ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည့် မှန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်နိုင်သည့် အရင်းအမြစ်များ လည်းဖြစ်ကြောင်း။

 

Intergovernmental Panel on Climate Change- IPCC  အစီရင်ခံစာအရ  ၂၀ဝ၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း စိုက်ပျိုး ရေး၊  သစ်တောနှင့်  အခြားမြေအသုံးချမှု ပြောင်းလဲခြင်းကဏ္ဍမှ မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်း ထုတ်လွှတ်ခဲ့သည်ကို    တွေ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း    ရာသီဥတု ပြောင်းလဲလာခြင်း၏ ရိုက်ခတ်မှုဖြစ်သော ၂၀ဝ၈ ခုနှစ်    သမိုင်းဝင်   နာဂစ်မုန်တိုင်း အပြင် နိုင်ငံတကာအသိုင်းအဝိုင်းများ၌ နေ့စဉ်နှင့် နီးပါးအမျှ ရင်ဆိုင်ကြုံတွေ့နေရ သည့်     နိုင်ငံအနှံ့အပြား    ရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ အယ်လ်နီညို/ လာနီညာကဲ့သို့ အပူချိန်လွန်ကဲမှုနှင့် အအေးလှိုင်းဖြတ်သန်း ခံရခြင်းအစရှိသည့် ပြင်းထန်သော  မိုးလေ ဝသဖြစ်စဉ်များကို နှစ်စဉ်ပိုမိုပြင်းထန်စွာ  ခံစားလာနေရမှုနှင့်  လူမှုစီးပွား   ပျက်စီး ဆုံးရှုံးရမှုများလည်း ကြုံတွေ့ဆဲ၊ ကြုံတွေ့ လတ္တံ့ဖြစ်ကြောင်း၊     ယခုကဲ့သို့သော သဘာဝလွန် ဘေးအန္တရာယ်များကြောင့် မိမိတို့နိုင်ငံသည် ၁၉၉၈ ခုနှစ်မှ  ၂၀၁၇ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ   ရာသီဥတု ပြောင်းလဲမှုကို  ထိခိုက်ခံစားလွယ်သည့် နိုင်ငံများအနက်    တတိယအဆင့်တွင်   ရပ်တည်နေခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံ၌    ရာသီဥတုပြောင်းလဲမှု     လျှော့ချ နိုင်ရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး  အတွက်    မြေသယံဇာတအရင်းအမြစ် များကို  စနစ်တကျစီမံ   ခန့်ခွဲရန်လိုအပ် ကြောင်း။

 

၂၀၁၅  ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သည့်    ကုလသမဂ္ဂအထွေထွေ ညီလာခံက Agenda 2030 ဖြစ်သည့် ဖွံ့ဖြိုးမှုစီမံချက်ကို သဘောတူညီ လက်ခံခဲ့ ကြောင်း၊ အဆိုပါ Agenda 2030တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက် ၁၇  ခု ပါဝင်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု  ရည်မှန်းချက်အများစုသည်     မြေယာ စီမံခန့်ခွဲမှုနှင့် ဆက်နွှယ်နေပြီး  ရည်မှန်း ချက်အမှတ်စဉ် (၁၅) သည် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းပြီး  ရေရှည်တည်တံ့အောင်  အသုံးပြုရေး၊ သစ်တောများ   ရေရှည်တည်တံ့စေရန်  စီမံခန့်ခွဲရေးနှင့်    သဲကန္တာရဖြစ်ထွန်းမှု ပပျောက်စေရေး၊ မြေယာပြုန်းတီးယိုယွင်း  ပျက်စီးမှု   ရပ်တန့်စေရေးနှင့်   ဇီဝမျိုးစုံ မျိုးကွဲများ  ပြုန်းတီးမှု  ရပ်တန့်စေရေးတို့ ဖြစ်ပြီး   မြေယာစီမံခန့်ခွဲမှုနှင့်   အဓိက သက်ဆိုင်နေသည်ကို    တွေ့ရမည်ဖြစ် ကြောင်း။

 

ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း   (၂၀၁၈-၂၀၃၀)  ၏ မဟာ ဗျူဟာရည်မှန်းချက် ၅ အပိုဒ်ခွဲ ၅ တွင်  သဘာဝအရင်းအမြစ်များ၏     အကျိုး အမြတ်များကို ပြည်သူအားလုံး ရရှိခံစား စေရေးအတွက်     မြေယာစီမံခန့်ခွဲမှုနှင့် သယံဇာတအခြေပြု    လုပ်ငန်းများ၏ ရေရှည်တည်တံ့သည့်   စီမံခန့်ခွဲမှုတို့ကို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက် ရန် ဖော်ပြထားကြောင်း။

 

ထို့ကြောင့် မြန်မာနိုင်ငံ၌ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျော ညီထွေဖြစ်စေရေး၊  Agenda  2030  ၏ စဉ်ဆက်မပြတ်  ဖွံ့ဖြိုးမှုရည်မှန်းချက်များ  ပြည့်မီစေရေးနှင့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းပါ     လုပ်ငန်းများကို အောင်မြင်စွာ      အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ရေရှည်  တည်တံ့ပြီး  စနစ်တကျကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုစနစ်များ ပေါ်ထွန်း လာစေရေးသည်    အထူးလိုအပ်လျက် ရှိကြောင်း။

 

နိုင်ငံ၏       မြေသယံဇာတများကို  စဉ်ဆက်မပြတ်     စီမံအုပ်ချုပ်အသုံးချ နိုင်ရေးအတွက် လိုအပ်နေသည့်အမျိုးသား မြေအသုံးချမှု  မူဝါဒကို ၂၀၁၆  ခုနှစ် ဇန်နဝါရီလတွင်   ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊       မူဝါဒရေးဆွဲရာတွင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များ၏အကူအညီဖြင့်    ရေးဆွဲခဲ့ပြီး  နိုင်ငံ တကာ စံနှုန်းများနှင့်အညီ ကုလသမဂ္ဂက  အတည်ပြုလက်ခံထားသည့်  အမျိုးသား စားနပ်ရိက္ခာဖူလုံရေးအတွက်    မြေယာ၊  သားငါးနှင့် သစ်တောများ၏ လုပ်ကိုင်ခွင့် စီမံခန့်ခွဲရာတွင်      လိုက်နာသင့်သည့် လမ်းညွှန်ချက်များကို    ကိုးကားရေးဆွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

 

အမျိုးသားမြေ အသုံးချမှုမူဝါဒ သတ်မှတ်ပြဋ္ဌာန်းနိုင်ခဲ့ခြင်းသည် မြေယာကဏ္ဍ ပြုပြင် ပြောင်းလဲ ရေးအတွက် တိုးတက်မှုဟုဆိုနိုင်သော်လည်း    စနစ် တကျကောင်းမွန်သည့် မြေယာ စီမံခန့်ခွဲမှုများ ဖြစ်ပေါ်လာစေရေးအတွက် အတည်ပြုပြဋ္ဌာန်းခဲ့သည့်  အမျိုးသားမြေအသုံးချမှု မူဝါဒကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း။

 

ယခုအခါ အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများ နှင့် အခြေခံမူများကို အကောင်အထည် ဖော် ဆောင်ရွက်ရေးနှင့် မြေအသုံးချမှု မူဝါဒနှင့်  သက်ဆိုင်သည့်  ဥပဒေများကို အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမြေအသုံးချမှုကောင်စီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  ၂၀၂၁ ခုနှစ် မတ်လ ၁၆  ရက်  ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၅၅/၂၀၂၁ အရ လုပ်ငန်းတာဝန်  ၁၀ ရပ်ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း။

 

အမျိုးသားမြေ   အသုံးချမှုကောင်စီ အနေဖြင့်         လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အမျိုးသားမြေဥပဒေ  ရေးဆွဲပြုစုရေးနှင့်  မြေစီမံခန့်ခွဲမှု ဆိုင်ရာဥပဒေများ   သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်ရေးဆွဲ    အကောင် အထည်ဖော်ရေး           လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း၊       မြေအသုံးချမှုစီမံကိန်း ရေးဆွဲရေးနှင့်     ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊   စိုက်ပျိုးရေး    ဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပေါင်းစပ်  ညှိနှိုင်းရေး  လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊  မြေအသုံးချမှုဆိုင်ရာနည်းပညာ အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်  အထောက်အကူပြု  လုပ်ငန်းကော်မတီနှင့်   အဖွဲ့များအကြား   ပေါင်းစပ်ညှိနှိုင်း    ဆောင်ရွက်နိုင်ရေး အတွက်    အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် အဖွဲ့များ၏ အတွင်းရေးမှူး  များပါဝင်သော အမျိုးသားမြေအသုံးချမှု ကောင်စီအတွင်းရေးမှူးများအဖွဲ့ ဖွဲ့စည်း ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း။

 

၂၀၂၂ခုနှစ် မတ် ၉ ရက်တွင်  ကျင်းပ ခဲ့သည့် အမျိုးသားမြေအသုံးချမှုကောင်စီ  ဒုတိယအကြိမ်      အစည်းအဝေးတွင် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးကိစ္စ ရပ်နှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်များ၊   မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်ရေးဆွဲ အကောင်အထည်ဖော်ရေး     လုပ်ငန်း ကော်မတီနှင့်သက်ဆိုင်သော    ဆုံးဖြတ် ချက်များနှင့်         ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊        တိုင်းဒေသကြီးနှင့်  ပြည်နယ်မြေအသုံးချမှု ကော်မတီများတွင်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ            ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊   တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံများကို     အဖွဲ့ဝင်များ အဖြစ်      ထပ်မံထည့်သွင်းဖွဲ့စည်းရန် ဆိုသည့် ဆုံးဖြတ်ချက် ရှစ်ချက်  ချမှတ်ခဲ့ ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်မှုများကို အမျိုးသား မြေအသုံးချမှုကောင်စီ   အတွင်းရေးမှူး၊ သက်ဆိုင်ရာ      လုပ်ငန်းကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့်      အဖွဲ့ခေါင်းဆောင်များက  ရှင်းလင်း  တင်ပြပေးကြရန်ဖြစ်ကြောင်း၊ ထို့အတူ   သက်ဆိုင်ရာကောင်စီအဖွဲ့ဝင် များအနေဖြင့် မြေအသုံးချမှုစီမံခန့်ခွဲရေး လုပ်ငန်းစဉ်များ       ဆောင်ရွက်နေမှုနှင့် ညှိနှိုင်းပေါင်းစပ်ရန်         လိုအပ်နေသည့် ကိစ္စရပ်များကို   ပွင့်လင်းစွာ   ရှင်းလင်း တင်ပြပေးကြရန် ဖြစ်ကြောင်း။

 

အမျိုးသား   မြေအသုံးချမှုကောင်စီ  လုပ်ငန်းတာဝန်များ      အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက်     ကြိုးပမ်းထမ်း ဆောင်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ မြန်မာနိုင်ငံ၏    အမျိုးသားမြေအသုံးချမှု မူဝါဒပါ  ရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့်  အခြေခံမူများကို အကောင်အထည်ဖော် နိုင်ရေး ကောင်းမွန်သည့်မြေယာအုပ်ချုပ်မှု နှင့် စီမံခန့်ခွဲမှုစနစ်များ  ဖြစ်ပေါ်လာစေ ရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက်  အမျိုးသားမြေအသုံးချမှု ကောင်စီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်      ထိန်းသိမ်းရေး ဝန်ကြီးဌာန             ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဒုတိယအကြိမ်  အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ထားရှိမှုများကို  ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ(၁)ကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြေအသုံးချမှု   စီမံကိန်းရေးဆွဲရေးနှင့်  ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်ရေးဆွဲအကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု  မဟာ ဗျူဟာ အကောင်အထည်ဖော်ဆောင် ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြေအသုံး ချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင်  သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ ကြသည်။

 

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များနှင့် တာဝန်ရှိသူများက   မြေယာ သုံးစွဲမှုများ၊ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေယာစီမံခန့်ခွဲ ရေးဆောင်ရွက်နေမှုများ၊ အမျိုးသားမြေအသုံးချမှုကောင်စီမူဝါဒများကို အကောင် အထည်ဖော်ဆောင်ရွက်နေမှုများ၊ အမျိုး သားမြေအသုံးချမှု ဥပဒေရေးဆွဲခြင်း ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်အကောင်အထည်ဖော်ရေးနှင့် အမျိုးသားမြေအသုံးချမှု ဥပဒေပေါ် ပေါက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု ကိစ္စရပ်များအပြင် ဝန်ကြီးဌာနအလိုက် မြေအသုံးချမှုနှင့်စပ်လျဉ်းသည့် စီမံခန့်ခွဲ ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများနှင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် မြေစီမံခန့်ခွဲဆောင်ရွက်နေမှု အခြေအနေတို့ကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ပြန်လည်သုံးသပ်ဆွေးနွေးသည်။

 

ယင်းနောက် အမျိုးသားမြေအသုံးချ မှုကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြော ကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်