မြန်မာနိုင်ငံပန်းချီ ပန်းပုပညာရှင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရန်ကုန်၊ အောက်တိုဘာ ၆

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြိးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံး (ဗဟို) တို့ ပူးပါင်းစီစဉ်၍ မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံးမှ ပညာရှင်များနှင့် မိသားစုဝင်များကို  ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ အမှတ်(၃)၊ အခြေခံပညာ မူလတန်းကျောင်း (မူလွန်) ၌  ယနေ့ နံနက် ၉ နာရီခွဲတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးသည်။

ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံ ရှိ၊ မရှိ မေးမြန်းခြင်းနှင့် ကာကွယ်ဆေးထိုးပြီးပါက ကျန်းမာရေးအတွက် ကာကွယ်နေထိုင်ရမည့် အစီအစဉ်များကို ပြောကြားဆောင်ရွက်ပေးကြပြီး  မြန်မာနိုင်ငံပန်းချီ ပန်းပု အစည်းအရုံးမှ ပန်းချီ ပန်းပုပညာရှင် သက်ကြီး ရွယ်အိုများ၊ တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင်များနှင့် မိသားစုဝင်  ၈၆ ဦးကို ကာကွယ်ဆေးထိုး နှံပေးခဲ့သည်။

မြန်မာနိုင်ငံပန်းချီ ပန်းပုအစည်းအရုံးမှ ပန်းချီပန်းပုပညာရှင် သက်ကြီးရွယ်အိုများနှင့် တာဝန် ထမ်းဆောင်ဆဲအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို (ပထမအကြိမ်) ထိုးနှံပေးခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်