မြန်မာနိုင်ငံပြည်ပကို ဗဟိုပြုကာ အင်အားရစ်(ခ်)တာစကေး (၅.၆)အဆင့်ရှိ မြေငလျင်လှုပ်ရှား

နေပြည်တော် ၁၉ ဇူလိုင်

ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၅၂မိနစ်၊ ၁၉ စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက် မြောက်ဘက် (၄၃၆)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ ( Eastern Xizang-India Border Region) မြောက်လတ္တီတွဒ် (၂၇.၅၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၂.၈၁) ဒီဂရီ၊ အနက် (၄၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၅.၆)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

MDN