မြန်မာနိုင်ငံသို့ ရောက်ရှိလျက်ရှိသော ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော PACIFIC VENUS CRUISE ယနေ့ ပြန်လည်ထွက်ခွာမည်

နေပြည်တော် ၅  ဖေဖော်ဝါရီ

 

ကမ္ဘာလှည့်ခရီးသည် (၃၂၉) ဦးနှင့် (၁၉၃)ဦး လိုက်ပါလာသော ဂျပန်နိုင်ငံ အခြေစိုက် ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော Pacific Venus Cruise သည်  ဖေဖော်ဝါရီ ၃ ရက်က ရန်ကုန်မြို့၊ မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ သီရိလင်္ကာနိုင်ငံ  ကိုလံဘိုဆိပ်ကမ်း မှတစ်ဆင့် ဆိုက်ကပ် ရောက်ရှိခဲ့ပြီး ယနေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

 

 

အဆိုပါ သင်္ဘောပေါ်တွင် ဂျပန်ခရီးသွားဧည့်သည် (၃၂၅)ဦး၊ ကိုရီးယားလူမျိုး (၂)ဦး၊ ဗြိတိန် (၁)ဦးနှင့် မြန်မာလူမျိုး (၁)ဦး အပါအဝင် စုစုပေါင်း ကမ္ဘာလှည့် ခရီးသည် (၃၂၉)ဦး လိုက်ပါလာပြီး (၃)ရက် ကြာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

 

Pacific Venus Cruise သင်္ဘောဖြင့် လိုက်ပါလာကြသော ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်အထိ ရန်ကုန်မြို့တွင်းနှင့် ပုဂံ/ညောင်ဦး ခရီးစဉ်များသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး ယနေ့တွင် ရန်ကုန်မြို့ မြန်မာအပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်းမှ မလေးရှားနိုင်ငံ ပီနန်ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

 

MDN