မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Worker Remittance ပမာဏ အများဆုံးရရှိသော ဘဏ်(၃)ဘဏ်အား ချီးကျူးဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၅

  ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှ လုပ်ခ၊ လစာ ခေါင်းစဥ်ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၃၀  ရက်အထိ နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များသို့ ငွေလွှဲဝင်ရောက်ခဲ့သည့် ပမာဏများအနက် အများဆုံးငွေလွှဲ ဝင်ရောက်သည့် CB Bank PCL ၊ ဒုတိယအများဆုံးဝင် ရောက်သည့် ကမ္ဘောဇဘဏ်လီမိတက်နှင့် တတိယအများဆုံးဝင်ရောက်သည့် ဧရာဝတီ ဘဏ်လီမိတက် ဘဏ်(၃)ဘဏ်သို့ နိုင်ငံတော်အတွက် နိုင်ငံခြားငွေကြိုးစားရှာဖွေ ပေးခဲ့သည့် ဘဏ်များအဖြစ် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌  ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဘဏ်များမှ တာဝန်ရှိသူများတက်ရောက်ကြ သည်။ 

အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌက အဖွင့်အမှာစကားပြောကြား ပြီး အဆိုပါဘဏ်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုပန်းခြင်းများကို ပေးအပ်ခဲ့ ကြောင်း  သိရသည်။ 

(သတင်းစဉ်)