နေပြည်တော် ဇန်နဝါရီ ၁၈

 

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ အစည်းအဝေး (၁/၂၀၂၆) ကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအမှတ်(၄-စီ)တွင် ကျင်းပရာ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယက တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် အစည်းအဝေး ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ သဘာပတိ မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦးက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့၏ ဆောင်ရွက်ထားရှိမှုများကို တင်ပြအတည် ပြုချက်ရယူကာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များ ဆွေးနွေးတင်ပြကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီနာယက တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ တိုင်းရင်းဆေးကောင်စီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ကိုဉာဏ်