ရန်ကုန်     ဇွန်     ၉

အားကစားရေးရာဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က စီစဉ်သည့် မြန်မာ့ရိုးရာလက်ဝှေ့နည်းပြဆရာသင်တန်း(အခြေခံ)အမှတ်စဉ် ၁/၂၀၂၆ ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်   သိမ်ဖြူမြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲရုံ၌ ကျင်းပသည်။

ဦးစွာမြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇင်ဦးက  အမှာစကားပြောကြားပြီး  တက်ရောက်လာကြသည့် နည်းပြသင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြသည်။ ထို့နောက် မြန်မာနိုင်ငံရိုးရာမွေအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝဏ္ဏက နည်းပြကျင့်ဝတ်များနှင့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

အဆိုပါ နည်းပြသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေကြီး၊ ပဲခူးတိုင်းဒေသကြီး ကလပ်များမှ ရိုးရာလက်ဝှေ့ကစားသမား နည်းပြသင်တန်းသား ၃၀ တက်ရောက်ကြပြီး  သင်တန်းကာလမှာ ငါးရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။    

အာကာ