ရန်ကုန် မေ ၁၂
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် Knock out မွေထိုင်းယှဉ်ပြိုင်ရန် ဒေါက်တာမြတ်သင်းခိုင် ဦးဆောင်သော မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့သည် ယနေ့ ည ၉ နာရီက ဂျပန်နိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမွေအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများကရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါပြိုင်ပွဲ၌ စူပါရေချမ်းသည် ၆၃ ကီလိုတန်းတွင် ထိုင်းလက်ဝှေ့ကျော်ဖြင့်လည်းကောင်း၊ စောဘဟိန်းသည် ၆၃ ကီလိုတန်းတွင် ဂျပန်လက်ဝှေ့ကျော်ဖြင့်လည်းကောင်း၊ ၅၁ ကီလိုတန်းတွင် ဒေါင်းမိုက်သွေးသည် ဂျပန်လက်ဝှေ့ကျော်ဖြင့်လည်းကောင်း မေ ၁၅ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
ထိုအဖွဲ့နှင့်အတူ ဂျပန်နိုင်ငံတွင် တစ်နှစ်ကြာ ရိုးရာလက်ဝှေ့ သင်ကြားပေးမည့် နည်းပြနှစ်ဦးဖြစ်သော ကြယ်စင်ဖြိုးနှင့် ဟံသာဝတီသားတို့ လိုက်ပါသွားကြောင်း သိရသည်။
ဗလ


