မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံပြိုင်ပွဲ ကျင်းပမည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ၍ Myanmar Arts Group (MMAG)မှစီစဉ်သည့် AIR KBZ Grand Final ပွဲစဉ်ကို ဒီဇင်ဘာ ၁၆ ရက် နေ့လည် ၂ နာရီတွင် သိမ်ဖြူလက်ဝှေ့ရုံ(ရန်ကုန်)၌ ကျင်းပသွားဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့လက်ဝှေ့ရုံ၌ ကျင်းပမည့် အလွတ်တန်းပြိုင်ပွဲကြီးတွင် ပြည်တွင်းပြည်ပ ခြောက်ဆိုင်းပါဝင်မည်ဖြစ်ပြီး အဓိကဆိုင်းအနေဖြင့် ထွန်းထွန်းမင်း(မြန်မာ)နှင့် ဒေ့ဗ်(ဒေဝ)တို့ ငါးချီပြည့်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး ကျန်ပွဲစဉ်များတွင် အောရ်ချင်းလေး(မြန်မာ)နှင့်အင်းသား(မြန်မာ)၊ စောဒါစိတ်(မြန်မာ)နှင့်မာမွတ်(အီရန်)၊ ဗျဂ္ဃ(မြန်မာ)နှင့်ဝိတရာ(ထိုင်း)၊ ထွန်းမင်းလတ်(မြန်မာ)နှင့်တိုခဲရှီ(ဂျပန်)၊ အမျိုးသမီးပွဲစဉ်အနေဖြင့် ဘရော်နီကာ(မြန်မာ)နှင့်ဟုန်ထောင်း(ထိုင်း)တို့ ပါဝင်ယှဉ်ပြိုင် ထိုးသတ်မည် ဖြစ်သည်။

လက်မှတ်ဈေးနှုန်းများကို ကျပ်(၁၀၀၀၀)၊ ကျပ်(၂၀၀၀၀)၊ ကျပ်(၅၀၀၀၀)၊ ကျပ်(၁၀၀၀၀၀) တို့အဖြစ် သတ်မှတ်ထားပြီး လက်ဝှေ့ရုံသို့ မလာနိုင်သော ပရိတ်သတ်များအတွက် (၁၆.၁၂.၂၀၁၈)ရက်နေ့တွင် KBZ Grand Fine ပွဲစဉ်များကို Sky net sports HD ၊MNTV ၊ Sky net sports 4 ရုပ်သံလိုင်းတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်နိုင်ကျော်(ပြန်ဆက်)