မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပမှုများ  MRTV မှ တိုက်ရိုက် (Live) ထုတ်လွှင့်တင်ဆက်လျက်ရှိ

နေပြည်တော်၊ ဧပြီ ၁၃

မြန်မာနိုင်ငံတစ်ဝန်းတွင် ၁၃၈၃ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပပုံများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV – HD မှ ရိုက်ကူးတင်ဆက်လျက်ရှိရာ ထိုသို့ တင်ဆက်မှုများအနက်မှ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့တော်ဝန်မဏ္ဍပ်များ၏ ဖျော်ဖြေတင်ဆက်မှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သီးသန့် Channel များဖြင့် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်လျက်ရှိသည်။

ထိုကဲ့သို့ ထုတ်လွှင့်ရာတွင် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၏ ဖျော်ဖြေတင်ဆက်မှုများကို MRTV Farmer’s Channel မှလည်းကောင်း၊ ရန်ကုန် မြို့တော်ဝန်မဟာ သင်္ကြန်မဏ္ဍပ်၏ ဖျော်ဖြေတင်ဆက်မှုများကို MRTV Sports Channel မှလည်းကောင်း၊ မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်၏ ဖျော်ဖြေတင်ဆက်မှုများကို MRTV Hluttaw Channel မှလည်းကောင်း သင်္ကြန်အကျနေ့ ဧပြီ (၁၄) ရက်၊ သင်္ကြန်အကြတ်နေ့ ဧပြီ (၁၅) ရက်နှင့် သင်္ကြန်အတက်နေ့ ဧပြီ (၁၆) ရက် နေ့တို့တွင် နေ့စဉ် နံနက် (၈) နာရီမှ မွန်းတည့် (၁၂) နာရီနှင့် မွန်းလွဲ (၃) နာရီမှ ညနေ (၆) နာရီ အထိ ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်သည်။      

အဆိုပါ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်များမှ ဖျော်ဖြေတင်ဆက်မှုများကို စုစည်း၍ MRTV–HD Channel မှ သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ ညစဉ် ည ၉ နာရီခွဲခန့်တွင် ထုတ်လွှင့်တင်ဆက်သွားမည် ဖြစ်သည်။  

သတင်းစဉ်