မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် - ဒိုင်ဗင်တင်လှနှင့် ရုပ်ရှင်စကားဝိုင်း

ရုပ်ရှင်စတန့်မင်းသားတွေဟာ သက်စွန့်ဆံဖျား အသက်ကိုရင်းပြီးတော့ စတန့်တွေကို လုပ်ခဲ့ကြတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ တချို့ဆိုရင်လည်း စိတ်တွေဘာတွေ ကယောက်ကယက်ဖြစ်ပြီးတော့ အသက်တိုကြရတာ၊ ဒီလိုဟာတွေ တော်တော်များများကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ စတန့်မင်းသားရဲ့ ဘဝဆိုတာဟာ တကယ့်ကို နုနုနယ်နယ်နဲ့ ပျော့ပျော့ပျောင်းပျောင်း ဘဝခရီးကို လျှောက်ရတဲ့ ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒီအချိန်မှာ တော်တော်များများ စတန့်မင်းသားတွေဟာ မရှိကြတော့ပါဘူး။ အဲဒီအထဲမှာ ကျွန်တော်တို့ ရှားရှားပါးပါးနဲ့ ထူးထူးခြားခြားတွေ့ရတဲ့ စတန့်မင်းသားတစ်ယောက် ရှိပါတယ်။ သူကတော့ အခုကျွန်တော်နဲ့ဆွေးနွေးမယ့်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့ရဲ့ အသက်ကို ပြောရမယ်ဆိုရင်တော့ အခုဆိုရင် ၉၄ နှစ်ထဲကို ရောက်နေပါပြီ။ သူကတော့ ကျွန်တော်တို့အရွယ်တွေ တော်တော်များများ သိကြ၊ အားပေးခဲ့ကြ၊ လက်ခုပ်တီးခဲ့ကြ၊ လက်ခေါက်မှုတ်ခဲ့ကြတဲ့ စတန့်မင်းသား ဒိုင်ဗင်တင်လှ ဖြစ်ပါတယ်။ ။

 

(ယမန်နေ့မှ အဆက်)

 

ဒိုင်ဗင်တင်လှ။ ။ဒိုင်ဗင်တင်လှနာမည် ပေးထားတော့ကားထဲမှာ ဒိုင်ဗင်မပါရင် ပရိသတ်က ဘယ်ကြည့်တော့မလဲ။ ဒီ မြန်မာပြည်က တံတားတွေထဲမှာ အဘမထိုးဘူးတဲ့ တံတားမရှိဘူး။ ငမိုးရိပ်တို့၊ စစ်တောင်းတံတားတို့ အကုန်လုံး ထိုးပြီးပြီ။ ။

 

ကြည်စိုးထွန်း။ ။ ဪ ဒိုင်ဗင်ထိုးဖူး တယ်ဟုတ်ကဲ့ဟုတ်ကဲ့၊ အဲဒီတုန်းက ထိုးတုန်းက အဘရိုက်တဲ့ အခါမှာ။

 

ဒိုင်ဗင်တင်လှ။ ။ နောက်က ရဲတွေလိုက်လို့ ပြေးပြီးတော့ အဲဒီကနေ ထိုးပြီးသွားတာ၊ ထိုးလိုက်တော့ လွတ်သွားရော။

 

ကြည်စိုးထွန်း။ ။အဲ အဲလိုဟုတ်ပြီအဘ၊ ဇာတ်လမ်းကတော့ အဲဒီလိုပေါ့။ တကယ်ထိုးတဲ့အခါကျတော့ အဘတို့ကို ကယ်ဖို့ပေါ့နော် တစ်ခုခုဖြစ်ရင် တစ်စုံတစ်ခုဖြစ်ရင် ကယ်ဖို့ဆိုပြီးတော့ ကယ် ဆယ်ရေးအဖွဲ့တွေကောရှိလား အဲဒီတုန်းက။

 

ဒိုင်ဗင်တင်လှ။ ။ကယ်ဆယ်ရေးအဖွဲ့မလိုဘူး။ ဘာမှမဖြစ်ပဲကိုး။ ကယ်ဆယ်ရေး မလိုဘူး။

 

ကြည်စိုးထွန်း။ ။တစ်စုံတစ်ခုများ ဖြစ်သွားရင်ဆိုပြီးတော့ စောင့်တာလည်းမရှိဘူး။

 

ဒိုင်ဗင်တင်လှ။ ။ဘာမှမလိုဘူး။

 

ကြည်စိုးထွန်း။ ။ချကြတာပဲ၊ အဲဒါမျိုးလည်း ရအောင်ရိုက်တာပဲ။

 

ဒိုင်ဗင်တင်လှ။ ။ ဟုတ်ကဲ့။

 

ကြည်စိုးထွန်း။ ။ဆရာတွေကလည်း ဘယ်လိုလဲ။ ခိုင်းတာပဲလား၊ ဘာမှညှာညှာတာတာ မရှိဘူးလား၊ တင်ဖေတို့ ဆရာကိုလှတင်တို့၊ မောင်မောင်စိန်တို့ သူတို့ကလည်း ခိုင်းတာပဲလား အဘတို့ကို။

 

mdn

 

ဒိုင်ဗင်တင်လှ။ ။ ခိုင်းတာပေါ့။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ခုနကမှတ်မိတဲ့ “စောရ သက်ပြင်း”မှာ ဘာတွေမှတ်မိလဲ အဘ၊ “စောရသက်ပြင်း” တုန်းက။

 

ဒိုင်ဗင်တင်လှ။ ။“စောရသက်ပြင်း” မှာအဘက မဟုတ်မခံ လူဆိုးလို ဖြစ်နေတာပေါ့ မဟုတ်မခံဘူးလေ။

 

ကြည်စိုးထွန်း။ ။ အဲဒီတော့ ပြဿနာတွေဖြစ်။ ။

 

ဒိုင်ဗင်တင်လှ။ ။ ဇာတ်ကားထဲမှာပေါ့။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

 

ဒိုင်ဗင်တင်လှ။ ။ မတရားတာ မကြိုက်ဘူး။ မတရားလုပ်ရင် ချတယ် ဇာတ်လမ်းကအဲဒီလို။ မဟုတ်မခံ။ မတရားလုပ်တာ မရဘူး။

 

ကြည်စိုးထွန်း။ ။ အဘ အဲဒီတော့ စတန့်ကားတွေထဲမှာ သရုပ်ဆောင်လာတာပေါ့နော်။ အသံတိတ်ခေတ် ကနေပြီးတော့ အသံထွက်ခေတ် အထိ သရုပ်ဆောင်လာတယ်၊ နောက်ကျတော့ ဒီဘက် ခေတ်ရောက်တဲ့အခါကျတော့ စတန့်ကားတွေက နည်းနည်းလေး အရိုက်ကျဲလာတော့ ပုသိမ်က ဇာတ်ထဲကို လိုက်လိုက်ရတာပေါ့နော်။ အဲဒီထဲမှာ အဘကပြဇာတ်မင်းသား လိုက်လုပ်တယ်နော်၊ အဲဒီနောက်ပိုင်းရော အဘရုပ်ရှင်ထဲ ပြန်ရောက်သေးလား။

 

ဒိုင်ဗင်တင်လှ။ ။အဲဒီနောက်ပိုင်း သင်္ဘောသားလုပ်ပြီး နိုင်ငံခြားထွက်သွားတယ်၊ နိုင်ငံခြားသင်္ဘော Foreign seaman သင်္ဘောသားပဲဖြစ်နေတယ်။

 

ကြည်စိုးထွန်း။ ။ ဪ ရုပ်ရှင်ထဲကထွက်သွားပြီး သင်္ဘောနောက် လိုက်နေတယ်၊ ဪ ကမ္ဘာပတ်တော့တာပေါ့။ အဲဒီမှာ ရုပ်ရှင်နဲ့အဆက်ပြတ်သွားလား။

 

ဒိုင်ဗင်တင်လှ။ ။ အဘလည်း သင်္ဘောသား ဖြစ်သွားတော့ ရုပ်ရှင်နဲ့က အဆက်ပြတ်သွားတယ်။

 

ကြည်စိုးထွန်း။ ။ ပြန်လာတော့ ဆက်မရိုက်ဘူးလား။ ။

 

ဒိုင်ဗင်တင်လှ။ ။သင်္ဘောကြီးပေါ်ကလည်းဒိုင်ဗင်ထိုးလိုက်တာပဲ။

 

ကြည်စိုးထွန်း။ ။ ဪ သင်္ဘောကြီးပေါ်က ဒိုင်ဗင်ထိုးတယ်။

 

ဒိုင်ဗင်တင်လှ။ ။ ကပ္ပတိန်တို့ ဘာတို့ကတော့ "don't do like this very dangerous" အန္တရာယ်ရှိတယ် မလုပ်နဲ့၊ မလုပ်ပါဘူးဆိုပြီး သူတို့လစ်ရင် ထိုးတာ။

 

ကြည်စိုးထွန်း။ ။ ဪ သူတို့လစ်ရင် သင်္ဘောပေါ်ကနေ ထိုးတာ။ ဟုတ်ကဲ့ အဲဒီမှာကော တချို့က သဘော မကျဘူးလား၊ အဘ ဒိုင်ဗင်ထိုးပြတာကို။

 

ဒိုင်ဗင်တင်လှ။ ။တစ်ယောက်က သင်္ဘောသား အချင်းချင်းက ပေးတယ်။

 

ကြည်စိုးထွန်း။ ။ဟုတ်ကဲ့ဒိုင်ဗင်ထိုးပြစမ်းပါဆိုပြီးတော့ သူတို့က အလောင်းအစားတွေကော မလုပ်ဘူးလား။ အဲဒီမှာ ထိုးရဲတယ် မထိုးရဲဘူးဆိုပြီးတော့။

 

ဒိုင်ဗင်တင်လှ။ ။သူတို့က မထိုးရဲဘူးလေ။

 

ကြည်စိုးထွန်း။ ။ အလောင်းအစားတွေကော မဖြစ်ဘူးလား။

 

ဒိုင်ဗင်တင်လှ။ ။ အလောင်းအစားတွေလား။ ဘုရင့်နောင် တံတားပေါ်က တစ်သိန်းကြေးလောင်းထိုးတာ၊ အဘထိုးတယ်၊ နောက်ဆုတ်သွားတယ်၊ မလုပ်နဲ့တဲ့ မင်းတစ်သိန်းဆုံးမယ်ဆိုပြီး သူတို့လူအချင်းချင်း ပြန်လစ်သွားတယ် တစ်သိန်း။

 

ကြည်စိုးထွန်း။ ။ ဟုတ်လား သင်္ဘောသားဘဝတုန်းကကော အဲဒီလို အလောင်းအစားမရှိဘူးလား။ ။

 

ဒိုင်ဗင်တင်လှ။ အလောင်းအစားမရှိဘူး။

 

ကြည်စိုးထွန်း။ ။ မင်း ဒီသင်္ဘောပေါ်ကနေ မင်းထိုးရဲလား ထိုးရဲရင်။

 

ဒိုင်ဗင်တင်လှ။ ။ သင်္ဘောကို port တွေဘာတွေ ဆိုက်လို့ရှိရင်တော့။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

 

ဒိုင်ဗင်တင်လှ။ ။ ဒိုင်ဗင်တွေ ဘာတွေထိုးတာပေါ့။ ကုန်တင် ကုန်ချကောင်တွေက အဲဒီကောင်တွေက တွေ့ရင်တော့ အဲဒီကောင်တွေက ဆုပေးတယ်ပေါ့လေ။

 

ကြည်စိုးထွန်း။ ။ လက်ခုပ် တီးပြီးတော့ဘောက်ဆူးပေးတာပေါ့။

 

ဒိုင်ဗင်တင်လှ။ ။ ဒေါ်လာတွေ ဘာတွေပေးတာပေါ့။

 

ကြည်စိုးထွန်း။ ။ ကမ္ဘာပတ်လာတာ ဟုတ်လား ကမ္ဘာပတ်ပြီးတော့ကို ဒိုင်ဗင်ထိုးလာတဲ့ သဘောပေါ့နော် အဘနော်၊ အဲဒီတော့ အဘက အခုဟာကတော့ နှစ်တိုင်းလိုလိုလည်း အဘက အကန်တော့ခံထဲ မှာပါနေပြီနော်။ ။

 

ဒိုင်ဗင်တင်လှ။ ။ ပါတာပေါ့။

 

ကြည်စိုးထွန်း။ ။ ကျွန်တော် မှတ်မိသလောက်က အဘကို ရုပ်ရှင်အစည်းအရုံးကနေ လစဉ်လစဉ် ထောက်ပံ့ ကြေးပေးတာလည်း အဘရတယ် မှတ်လား၊ အဘတို့လို အသက်ကြီးတဲ့လူဆို ပေးပါတယ်နော်၊ နောက်တစ်ခါ နှစ်တိုင်းနှစ်တိုင်း ကန်တော့တယ်ဆို အဘတို့က ထိပ်ဆုံးကပါတယ်ပေါ့။ ရုပ်ရှင်နဲ့ကတော့ အဘက ဒီလိုလူကြီး တစ်ယောက်အနေနဲ့ကတော့ အဆက်မပြတ်ဘူးပေါ့။ လူငယ်တွေကိုရော လူငယ်တွေရဲ့ အခုရုပ်မြင်သံကြားကလာနေတဲ့ ဇာတ်လမ်းတွေ ဘာတွေကော ကြည့်ရလား။ ။

 

ဒိုင်ဗင်တင်လှ။ ။ နောက်ပိုင်း ဗီဒီယိုဇာတ်လမ်း အဘသိပ်မသိတော့ဘူး။

 

ကြည်စိုးထွန်း။ ။ ဪ သိပ်မကြည့်ဖြစ်တော့ဘူး တစ်ခါတလေ မကြည့်မိဘူးလား အဘတို့ခေတ်နဲ့ မတူတော့ဘူးဆိုတာ သိလား။

 

ဒိုင်ဗင်တင်လှ။ ။အဘကဘုရားကလွဲလို့ ဒါတွေအကုန်စွန့်ထားလိုက်ပြီ။

 

ကြည်စိုးထွန်း။ ။မကြည့်တော့ဘူးလား။

 

ဒိုင်ဗင်တင်လှ။ ။ဘုရားဘက်ပါသွားပြီ။

 

ကြည်စိုးထွန်း။ ။ ဪ ဟုတ်လား။

 

ဒိုင်ဗင်တင်လှ။ ။ဒါတွေ ဘာမှမစဉ်းစားတော့ဘူး။

 

ကြည်စိုးထွန်း။ ။ အဲဒီတော့ အဘက ဒီခေတ် ရုပ်ရှင်လူငယ်တွေကို ဆုံးမမယ်ဆိုရင် အဘက ဘုရားတရားကို ကိုးကွယ်ဖို့၊ ဘုရားတရားကို မမေ့ဖို့၊ အနန္တောအနန္တငါးပါး ကျေးဇူးကိုမမေ့ဖို့။

 

ဒိုင်ဗင်တင်လှ။ ။ဒါပဲအဲဒါပဲပြောနေမှာပဲ။

 

ကြည်စိုးထွန်း။ ။ အဲဒါပဲ အဘဆုံးမချင်တာပေါ့။

 

ဒိုင်ဗင်တင်လှ။ ။ ဒီပြင်ဟာတွေ ဘာမှမသိဘူး၊ ပြောလည်း မပြောတော့ဘူး။

 

ကြည်စိုးထွန်း။ ။ဒီရုပ်ရှင် အနုပညာနဲ့ ပတ်သက်ပြီးရင်တော့ အဘက ဘယ်လိုမှ မပြောလိုတော့ဘူး။

 

ဒိုင်ဗင်တင်လှ။ ။ မပြောတော့ဘူး။

 

ကြည်စိုးထွန်း။ ။ အဲဒီတော့ အခု အဘဆုံးမချင်တဲ့ အကြောင်းအရာပေါ့။ ဒီခေတ်လူငယ်လေးတွေကို အဘအနေနဲ့ ဆုံးမချင်တဲ့ အကြောင်းအရာလေးတွေရှိရင် ခုနကဟာလေးတွေပေါ်မှာ အခြေခံပြီးတော့ ဆုံးမပေးပါအဘ။

 

ဒိုင်ဗင်တင်လှ။ ။သူများကို မတရားတာတွေ မလုပ်နဲ့။ ဘုရား မကြိုက်တာကို မင်းတို့မလုပ်ကြနဲ့။ ဒါပဲ အဲဒါပဲ လုပ်နေရတယ်ပေါ့။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အရက် မသောက်နဲ့၊ ဆေးလိပ် မသောက်နဲ့။ နောက်ပြီးတော့ အနန္တော အနန္တ ငါးပါးကိုမမေ့နဲ့၊ ဘုရားတရားကို အမြဲအာရုံပြု။ အဲဒါလေး အဘကပြောချင်တယ်ပေါ့နော်၊ ဟုတ်ကဲ့လားအဘ အဘကမပြောဘူး၊ ကျွန်တော်ကချည်း ပြောနေရတာလေ။

 

ဒိုင်ဗင်တင်လှ။ ။ ဟုတ်တာပေါ့။

 

ကြည်စိုးထွန်း။ ။ (ရယ်၍) အဲဒီအတိုင်း ပြောချင်တာပေါ့နော် အဘအဆုံးအမအတိုင်းပဲ။

 

ဒိုင်ဗင်တင်လှ။ ။ ဟုတ်ကဲ့။

 

mdn

 

ကြည်စိုးထွန်း။ ။တခြားပုဂ္ဂိုလ်တွေလိုပဲ ကျွန်တော်လည်း အဲဒီအတိုင်းနေဖို့ ကျွန်တော် ကြိုးစားပါ့မယ် အဘရယ်၊ အခုလိုအဘ ဒီမှာလာရောက်ပြီးတော့ ကျွန်တော့်ရဲ့ ရုပ်ရှင်စကားဝိုင်းလေးမှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်အနေနဲ့ လာရောက် ဆွေးနွေးပေးတာကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ အဘရေ၊ ကန်တော့ပါတယ်နော် အဘ။

 

ဒိုင်ဗင်တင်လှ။ ။ သာဓုသာဓုသာဓုပါဗျာ ငါ့သားလေးကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘုန်းကြီးပါစေ အသက်ရှည်ပါစေ သာဓုသာဓုသာဓု။ ။