မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲသည် အနှစ်သာရပြည့်ဝပြီး ပြည်သူနှင့် နိုင်ငံအတွက်သာမက အနုပညာရှင်များအတွက်ပါ အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ် အနုပညာရှင်များအတွက် ထူးခြားလေးနက်သည့်အတွက် ဘက်ပေါင်းစုံမှ အခမ်းနားဆုံးဖြစ်အောင် စဉ်းစားဆောင်ရွက်လျက်ရှိ

နေပြည်တော်     ဧပြီ     ၆

 

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး မြန်မာ့အသံနှင့် ရုပ်မြင် သံကြားနှင့်   အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် Broadcaster များနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနှင့် Forever Group Co.,Ltd.၊ ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်၊ Family Entertainment (5 Plus) ရုပ်သံလိုင်း၊ YTV ရုပ်သံလိုင်း၊  Channel K ရုပ်သံလိုင်း၊ Fortune TV ရုပ်သံလိုင်း၊ Nebula X Entertainment တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို   နေပြည်တော်တွင် နိုင်ငံတော်အဆင့်အခမ်း အနားကြီးတစ်ခုအဖြစ် ခမ်းနားစွာကျင်းပရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနုပညာရှင်များကို နိုင်ငံတော်က တန်ဖိုးထားသကဲ့သို့ ပြည်သူများ ကလည်း တန်ဖိုးထားပါကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲသည် အနှစ်သာရပြည့်ဝပြီး ပြည်သူနှင့် နိုင်ငံအတွက်သာမက အနုပညာရှင်များအတွက်ပါ အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပါ ကြောင်း၊ ပြည်သူလူထု စိတ်ဝင်စားမှုနှင့်အတူ အနုပညာရှင်များအတွက် ထူးခြားလေးနက်သည့်အတွက် ဘက်ပေါင်းစုံမှ အခမ်းနားဆုံးဖြစ်အောင် စဉ်းစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားအစီအစဉ်များ        တိုက်ရိုက်ထုတ်လွှင့်ပြသရာတွင် တက်ရောက်လာကြသည့်    မိတ်ဖက်   Broadcaster များအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက်  ဒုတိယဝန်ကြီး ဦးရဲတင့်က မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအခမ်းအနားကျင်းပစဉ်    မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရုပ်သံလိုင်းများ အနေဖြင့် ပြည်သူလူထုစိတ်ဝင်စားဖွယ် ဖော်ကျူးတင်ဆက်လိုသည့် အစီအမံများ နှင့်ပတ်သက်၍ ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍   ပြည်သူ့ဆက်ဆံရေးနှင့်  စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကိုယ်စား မြဝတီရုပ်သံ(နေပြည်တော်)တပ်မှူးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တက်ရောက်လာကြသည့်  ရုပ်သံလိုင်းများမှ  တာဝန်ရှိသူများက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား တိုက်ရိုက် ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ ထုတ်လွှင့်ရာတွင် ဆောင်ရွက်မည့်အစီအစဉ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက်   ပြည်ထောင်စုဝန်ကြီးက    နိဂုံးချုပ်အမှာစကား ပြောကြားသည်။  

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီး ဦးရဲတင့်၊  ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူ များသည်  ဝင်ပေါက်အမှတ်(၂)   တည်ဆောက်နေမှုနှင့်    လုံခြုံရေးစစ်ဆေး ဆောင်ရွက်မည့် နေရာများ၊  လူငယ်သင်္ကနြ်ဇုန်အတွင်း ကလေးငယ် များ ဆပ်ပြာမြှုပ်များဖြင့် ပျော်ရွှင်စွာဆော့ ကစားနိုင်မည့်  foam party နှင့် လူငယ်များအတွက် ရောင်စုံသင်္ကနြ်ရေကစားမဏ္ဍပ် colourful party တည်ဆောက်နေမှု၊  နေပြည်တော်လမ်းလျှောက်သင်္ကနြ်၏ ဖျော်ဖြေရေးမဏ္ဍပ်တည်ဆောက်နေမှု၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်း များနှင့် မိသားစုများ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ရေကစားနိုင်ရန်အတွက် ကြိုးပမ်းပြင်ဆင်ဆောင်ရွက်နေမှုများ၊ တိုင်းရင်းသားသင်္ကနြ်ဇုန်အတွင်း တိုင်းရင်းသားရေကစားမဏ္ဍပ်         ပြင်ဆင်ဆောက်လုပ်ထားရှိမှုနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက     ပြင်ဆင်ဆောင်ရွက်နေမှုများ၊ အများပြည်သူလျှောက်လမ်းများအပေါ်တွင်   ရေမှုန်ရေမွှားများဖြင့် ပက်ဖျန်းပေးနိုင်ရေး ဆောင်ရွက်ပြင်ဆင်နေမှုများ၊ သနပ်ခါးသင်္ကနြ်ဇုန် နှင့် ဝင်ပေါက်အမှတ် (၁) တည်ဆောက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး  အချိန်မီပြီးစီးရေးနှင့်  အဆင့်အတန်းမီစွာ ဆောက်လုပ် ပြင်ဆင်သွား ရေး မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များ အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား  ကျင်းပမည့်    နေပြည်တော်   မြို့တော်ခန်းမ အနီးရှိ လဟာပြင်ကဇာတ်ရုံသို့ ရောက်ရှိပြီး   စင်မြင့်ဆောက်လုပ်ခြင်း၊ စင်မြင့်ပြင်ဆင်ခြင်း၊   အသံစနစ်၊   မီးအလင်းရောင်စနစ်များ၊  နေရာ ထိုင်ခင်းစီစဉ်ထားရှိမှုများ၊  အနုပညာရှင်များအတွက်  Red Carpet နေရာလျာထားမှုနှင့် 3D Digital Mapping စနစ်ဖြင့် အခမ်းအနားဖွင့်လှစ် မည့်အစီအစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။

သတင်းစဉ်