မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်ဖြေဆို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး လှည့်လည်ကြည့်ရှု

နေပြည်တော် ၇  မတ်

 

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၇-၂၀၁၈ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့ နံနက်ပိုင်းမှ စတင်ဖြေဆိုလျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ ဝင်ရောက်ဖြေဆို လျက်ရှိသည့် ကျောင်းသား ကျောင်းသူများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

 

နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ခရိုင်နှစ်ခု၊ မြို့နယ်ပေါင်း ရှစ်မြို့နယ်တွင် စာစစ်ဌာန(၄၄)ခုဖြင့် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း  (၂၃၈၅၀)ဦး ဝင်ရောက်ဖြေဆိုလျက် ရှိသည်။

 

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျောင်းတွင်းဖြေဆိုသူ (၇၂၈၉၀)ဦးနှင့် ကျောင်းပြင်ပဖြေဆိုသူ (၄၈၄၄၀)ဦး စုစုပေါင်း ဖြေဆိုသူ (၁၂၁၃၃၀)ဦး ရှိကြောင်း သိရသည်။

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မြန်မာတစ်ပြည်လုံး၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းတွင်း ဖြေဆိုသူ (၅၁၈၀ဝ၆) ဦးနှင့် ကျောင်းပြင်ပ ဖြေဆိုသူ (၃၂၆၂၃၁)ဦး စုစုပေါင်း ဖြေဆိုသူ (၈၄၄၂၃၇) ဦး ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)