မှန်များတင်ဆောင်လာသော ယာဉ်ပေါ်မှ မှန်ချက်များထွက်ကျ၍ ဆိုင်ကယ်‌မောင်းနှင်လာသူ အမျိုးသမီးအား ထိခိုက်မိ

ညောင်လေးပင် ၁၈ မတ်

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၉၆/၁ နှင့် ၉၆/၂)ကြားတွင် ယနေ့မွန်းတည့် ၁၂ နာရီက မှန်များတင်ဆောင်လာသောယာဉ်မှ မှန်ချက်များထွက်ကျ၍ ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးတစ်ဦးအား ထိခိုက်မိခဲ့ကြောင်း သိရသည်။

 

1039

 

ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ကျော်ဝင်းထွန်း (ခ) ကျော်မင်းဦး (၂၈)နှစ် ကျောက်ဆည်မြို့နေသူ မောင်းနှင်လာသော မှန်များတင်ဆောင်လာသည့် ယာဉ်အမှတ် YGN GN/×××× (၂၂)ဘီးယာဉ်သည် လမ်းကွေ့အား ကွေ့လိုက်စဉ် မှန်ချပ်များချည်ထားသော ကြိုးပြတ်၍ မှန်ချပ်များထွက်ကျပြီး မျက်နှာချင်းဆိုင်မှ မမီမီသန့် (၃၈)နှစ် ပြွန်တန်ဆာမြို့နေသူ မောင်းနှင်လာသော ဆိုင်ကယ်အား ထိခိုက်မိခဲ့ကြောင်း၊ မမီမီသန့်တွင် ဝဲမေးရိုးပေါက်ပြဲ၊ ဝဲခြေမ၊ ခြေခုံ၊ ခြေဖဝါးပေါက်ပြဲ၊ ဝဲပခုံးပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ညောင်လေးပင်ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာ (မစိုးရိမ်ရ)ဖြင့် ကုသလျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ညောင်လေးပင်မြို့မရဲစခန်းမှ ယာဉ်မဆင်မခြင်မောင်းနှင်သော ကျော်ဝင်းထွန်း (ခ) ကျော်မင်းဦးအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သက်လွင် (ညောင်လေးပင်)