မွန်ပြည်နယ် ၀န်ကြီးချုပ် ကျန်းမာရေး နှင့် ဘေးအန္တ ရာယ် ကင်းရှင်းသည့် ၀န်ဆောင်မှု ပေးနိုင်သော  အမျိုးသားအဆင့် အသိ အမှတ်ပြု လက်မှတ် ရရှိ သည့် ဟိုတယ်များအား တံဆိပ် ချီးမြှင့်‌ပေးအပ်ပွဲ တက်ရောက်

မော်လမြိုင်     ဇူလိုင်   ၂၄

မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဟိုတယ်လုပ်ငန်းရှင်များ၏ ပူးပေါင်း ပါ၀င်လုပ်ဆောင်မှုကြောင့် အမျိုးသားအဆင့် ( Enchanting Myanmar Health & Safety Protocol) အသိအမှတ်ပြု တံဆိပ်ရရှိ သည့် ဟိုတယ်များအား တံဆိပ် ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ အချိန် က Golden River Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက် ပေးအပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီး ချုပ် ဦးဇော်လင်းထွန်း က အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက အမျိုးသားအဆင့် အသိအမှတ်ပြု လက်မှတ်ရရှိနိုင်ရေး  ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကာ သံလွင်ဟိုတယ်၊ ငွေမိုး ဟိုတယ် နှင့် Golden River Hotel တို့အား မွန်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်လင်းထွန်းက အသိအမှတ်ပြုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး  ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာ၀န်ကြီးက ကောင်းမြတ်ဟိုတယ်နှင့် Royal Mawlamyine Hotel တို့အားလည်းကောင်း လူမှုရေးရာ ၀န်ကြီး ဦးမြတ်သွင်က ရာမည ဟိုတယ်နှင့် ဇမ္ဗူကျော် ဟိုတယ်တို့အားလည်းကောင်း အမျိုးသားအဆင့် အသိ အမှတ် ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကာ  မွန်ပြည်နယ် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးချန်ထွန်းက ကျေးဇူးတင် စကားပြန်လည် ပြောကြား ခဲ့ပြီး ညစာစားပွဲဖြင့်တည်ခင်း ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်