မွန်ပြည်နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မော်လမြိုင် စက်တင်ဘာ ၁၁

 

မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၁၀ ရက် နံနက်  ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် မွန်ပြည်နယ်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကိုဗစ်- ၁၉ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း  နယ်ဒေသများတွင် ရောဂါကူးစက်မှုများ ရှိသေးကြောင်း၊  လူစုလူဝေးများသည့် နေရာများ၌ RTD Test kit ဖြင့် စစ်ဆေးပေးလျက်ရှိရာ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ ကူးစက်မှု ရှိသေးကြောင်း၊ အထူးကြပ်မတ် ကုသဆောင်နှင့် ဆေးရုံများ အဆင့်မြင့်တင်ပေးရန် လိုအပ်ကြောင်း၊ အောက်ဆီဂျင်စက်ရုံများအား စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် လူသုံး၊ စက်မှုသုံး ခွဲခြားမှတ်ပုံတင်ထားရှိရန်လိုအပ်ကြောင်း၊ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကိုလည်း ထိရောက်စွာ ကြပ်မတ်ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် မွန်ပြည်နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ Online Meeting ဖြင့် ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့ ရွှေနတ်တောင် ရေသန့်စင် စက်ရုံဝင်းအတွင်း အောက်ဆီဂျင်စက် ရောက်ရှိတပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါ အောက်ဆီဂျင်စက်သည် မွန်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၅၉၄ သန်းဖြင့် တန် ၂၀ ဆံ့ အောက်ဆီဂျင် (အရည်) (400 Nm³/hr  Oxygen Generator)Oxygen Plant (50 Nm³/hr Oxygen Generator) Oxygen Plant (20  Nm³/hr   Oxygen Generator) စုစုပေါင်း စက်သုံးလုံးဖြင့် လည်ပတ်မည်ဖြစ်ရာ လိုအပ်မည့် အောက်ဆီဂျင်ပမာဏကို  လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်၊၊

 

ခရိုင်(ပြန်/ဆက်)