မော်လမြိုင် ဇွန် ၉

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကျောင်းဆောင်သစ်၊ သိပ္ပံဆောင်၊ စာကြည့်တိုက်များ တိုးချဲ့ တည်ဆောက်ရန် လျာထားမြေနေရာများနှင့် မိခင်နှင့်ကလေး ကျန်းမာရေးဌာန တည်ဆောက်မည့် မြေနေရာတို့ကို ဇွန် ၈ ရက် မွန်းလွဲပိုင်းက မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (စက်စဲ)၊ အခြေခံပညာအထက်တန်းကျောင်း (ကျုံကဒတ်)၊ အခြေခံပညာ မူလတန်းကျောင်း(အောင်ကုသိုလ်)တို့ သို့ရောက်ရှိပြီး ကျောင်းဆောင်သစ်၊ သိပ္ပံဆောင်၊ စာကြည့်တိုက်များ တိုးချဲ့တည်ဆောက်ရန် ရွေးချယ်သတ်မှတ်ထားသည့် မြေနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း‌ ဆောင်ရွက်ပေးသည်။

 

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ သံဖြူဇရပ်မြို့နယ် ဖောင်စိန်ကျေးရွာ မိခင်နှင့်ကလေးကျန်းမာရေးဌာန တည်ဆောက်ရန် ရွေးချယ်သတ်မှတ်ထားသည့် အလျား ၁၅၇ ပေ အနံပေ ၁၂၀ မြေနေရာကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း‌ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)