မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် သူနာပြု ဦးဆောင်းနှင့် ကုတ်အင်္ကျီ အပ်နှင်းပွဲအခမ်းအနား တက်ရောက်

မော်လမြိုင်၊ ဇွန် ၁၇

           

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ဇွန် ၁၇ ရက် နံနက်ပိုင်းက သူနာပြု သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အပတ်စဉ်(၄၆) သူနာပြု ဒီပလိုမာသင်တန်းသား၊ သင်တန်းသူများ၏ ဦးဆောင်းနှင့် ကုတ်အင်္ကျီအပ်နှင်းပွဲ အခမ်းအနား သို့တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အမှာစကားပြောကြားပြီး မော်လမြိုင် သူနာပြု သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ညွန်ညွန့်ဟန်က သင်တန်းတက်ရောက်သူများ လိုက်နာကျင့်သုံး ဆောင်ရွက်ကြရမည့် အကြောင်းအရာ များအား ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးနှင့် သူနာပြုအုပ်များက သင်တန်းသူ (၄၄)ဦးအား သူနာပြု အမှတ်အသားဖြစ်သည့် ဦးဆောင်နှင့်ကုတ်အင်္ကျီများကို ချီးမြှင့်အပ်နှင်းကြပြီး ထူးချွန်ဆု ရရှိသူများနှင့် အားကစားပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများ ချီးမြှင့်ခဲ့ကြသည်။

 

ဆက်လက်၍ သင်တန်းသူများက သူနာပြု ကျင့်ဝတ်များအား ရွတ်ဆိုကြကာ “ဂရုဏာအလင်း”သီချင်းဖြင့် သီဆိုဖြေဖျော်ကြပြီးပြည်နယ် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းသူများအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)