မွန်ပြည်နယ်လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးခွန်း ၄၆ ခု လျာထား

၅ ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ဖြည့်စွက် ခွင့်ပြုဘဏ္ဍာငွေစာရင်းကို တင်သွင်းမည်ဖြစ်ပြီး တင်သွင်းထားသည့် အဆိုများအပေါ် ဆွေးနွေးနိုင်ရန် လွှတ်တော်အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိက ပြောသည်။

 

အစည်းအဝေးတွင် မေးခွန်း ၄၆ ခု လျာထားပြီး အဆိုတစ်ခု၊ အစိုးရ အဖွဲ့အစီရင်ခံစာ၊ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် အစီရင်ခံစာ၊ အစားထိုးလဲလှယ်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ကတိသစ္စာပြုရန်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ပါဝင်သည့်  ရေးရာကော်မတီများကို အစားထိုးရန်နှင့် ရေးရာကော်မတီများမှလည်း အစီရင်ခံစာများ တင်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

မုဒုံ မောင်မောင်