မွန်ပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆွမ်းဆန်တော်၊ ဆီ ၊ ဆား၊  ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော်   ဇန်နဝါရီ   ၂၅

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ  ဆွမ်းကွမ်း အဆင်ပြေစေရေးအတွက်   ဆွမ်းဆန်တော်၊ ဆီ ၊ ဆား၊  ပဲ  အမယ်လေးမျိုး ဆက်ကပ်လှူဒါန်း လျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ အင်အားဖြည့် အစားအစာများ ကိုလည်း ထောက်ပံ့လှူဒါန်းလျက်ရှိရာ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးနှင့် မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးတို့သည်   ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဝဲပျံစာသင်တိုက် ဆရာတော်ကြီးထံသို့  နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ပေးပို့လှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီ ၊ ဆား နှင့် ပဲများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်