မော်လမြိုင် ဇူလိုင် ၈
မွန်ပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနက မော်လမြိုင် တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများအား အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန် လေးစားလိုက်နာမှု တိုးတက်ရေး လူထုလှုပ်ရှားမှု အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက အမှာစကား ပြောကြားပြီး ပြည်နယ်အခွန်ဦးစီးဌာနမှူးက အခွန်ဆိုင်ရာအသိ ပညာတိုးတက်ရေးနှင့် အခွန်တာဝန် လေးစားလိုက်နာမှု တိုးတက်ရေးအတွက် လူထုလှုပ်ရှားမှုအစီအစဉ် လုပ်ငန်းစီမံချက်၏ ရည်ရွယ်ချက်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသည့် အခွန်အမျိုးအစားများနှင့် အခွန်အကြောင်း သိကောင်းစရာများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးကာ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးကြသည်။
အသိပညာပေး ရှင်းလင်းပွဲသို့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


