မွန်ပြည်နယ်ဝန်ကြီးချုပ် သူနာပြုဦးဆောင်းနှင့် ကုတ်အင်္ကျီ အပ်နှင်းပွဲ တက်ရောက်ချီးမြှင့်

မော်လမြိုင်        ဇွန်       ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သူနာပြုသင်တန်းကျောင်း၌ အပတ်စဉ်(၄၆) သူနာပြု ဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ၏ ဦးဆောင်းနှင့် ကုတ်အင်္ကျီအပ်နှင်းပွဲကို ဇွန် ၁၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်က “နိုင်ငံ့၀န်ထမ်းများအဖြစ် တာ၀န်ထမ်းဆောင်ကြမည့် သင်တန်းဆင်း သူနာပြုများ အနေဖြင့် မိမိတို့ရဲ့ တာ၀န်နှင့် ကျင့်၀တ်များကို လေးစားလိုက်နာကြရန်” မှာကြားသည်။ ထို့နောက် သူနာပြု သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ညွန်ညွန့်ဟန်က သင်တန်း တက်ရောက်သူများ လိုက်နာကျင့်သုံးကြရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးနှင့် သူနာပြုအုပ်များက သင်တန်းသား သင်တန်းသူ ၄၄ ဦးအား သူနာပြု အမှတ်အသားဖြစ်သည့် ဦးဆောင်နှင့် ကုတ်အင်္ကျီများကို ချီးမြှင့်အပ်နှင်းကြပြီး ထူးချွန်ဆု ရရှိသူများနှင့် အားကစားပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပေးအပ်ခဲ့သည်။

ဆက်လက်၍ သင်တန်းသား သင်တန်ူသူများက သူနာပြုကျင့်ဝတ်များအား ရွတ်ဆိုကြကာ ဂရုဏာအလင်းသီချင်းဖြင့် သီဆိုဖြေဖျော်ကြပြီး ပြည်နယ်၀န်ကြီးချုပ်နှင့် ပြည်နယ်၀န်ကြီးများက သင်တန်းသား သင်တန်းသူများအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)