မော်လမြိုင် ဇူလိုင် ၁၀

 

မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ်အသင်းနှင့် ကျိုက်ထိုမြို့နယ်အသင်းတို့ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ဆုပေးပွဲကျင်းပရာ မွန်ပြည်နယ်ဘတ်စကက်ဘောဆပ်ကော်မတီက မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ်မှ ဒိုင်လူကြီးများအား ချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆု၊ ပူးတွဲ တတိယဆု၊ ဒုတိယဆုရရှိသည့် ပြိုင်ပွဲဝင် ဘတ်စကက်ဘောအသင်းများနှင့် ပထမဆုရရှိသည့် ကျိုက်ထိုမြို့နယ် ဘတ်စကက်ဘောအသင်းတို့အား ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

စည်သူ (ပြန်/ဆက်)