မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာရင်ပြင်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော် မေ ၁၆

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုမြို့၊ ဘုရားရွာအုပ်စု၊ ဘုရားကျေးရွာရှိ မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာရင်ပြင်၌ မန်းချောင်းရေ မြင့်တက်လာကာ နုန်းမြေများ၊ သဲများ၊ အမှိုက်များ တင်ကျန်နေသဖြင့် ယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။