မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၁၄ ဇွန် 


သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များသည် ဇွန် ၁၁ ရက်က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့ နယ်၊ (ဂ)ရပ်ကွက်၊ ဇော်ဂျီလမ်းနှင့် ကုသိုလ်တော်လမ်းကြားရှိ ဝေယံဘုံကျောင်းတိုက်ဝန်းအတွင်း တရားမဝင်ပိတောက်၊ တမလန်းခွဲသား၊ ဓါးရွေ၊ (၃ ဒသမ ၁၃၄၂)တန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မုံရွာ-အရာတော်-ရွှေဘိုကားလမ်း၊ မိုင်တိုင်အမှတ်(၃၇/၂)အနီးတွင် Super Custom(ဖြူပြာကြား)ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား၊ (၁ ဒသမ ၄၈၆၈)တန်နှင့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ လမူးဘိနယ်အတွင်း တရားမဝင် သင်္ဂဒူ/တောင်ပိန္နဲ (၄ ဒသမ ၉၂၁၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပက်သတ်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။


မောင်လူမော်

 

1