မန္တလေးခရိုင်အတွင်းရှိ တက္ကသိုလ်ကျောင်းများတွင် မူးယစ်ဆေးဝါး ကင်းရှင်းစေရန် ဆောင်ရွက်မည်

မန္တလေး ၁၈ ဇွန်

မန္တလေးခရိုင်အတွင်းနှင့် ကျောက်ဆည်ခရိုင်အတွင်းတွင်ရှိသော တက္ကသိုလ်ကျောင်းများနှင့် စာသင်ကျောင်းများတွင် မူးယစ်ဆေးဝါးကင်းရှင်းစေရန် ဟောပြောပွဲများ ပြုလုပ် သွားမည်ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု ၁၈ မှ သိရသည်။

မူးယစ်ဆေးဝါးများ ပပျောက်ရေးအတွက် ဟောပြောပွဲများ လုပ်ဆောင်ရာတွင ်မူးယစ်ဆေးဝါးသုံးစွဲလျှင် မလိုလားအပ်သည့် ပြဿနာများ၊ ဆိုးကျိုးများ စသည်တို့ကို ပုံနှင့်တကွ ဟောပြောသွားမည်ဖြစ်သည်။ ထို့ပြင် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နှင်းရာတွင် လူငယ်များပါဝင်လာရေးအတွက် လှုံ့ဆော်သွားမည်ဖြစ်သည်။

" မူးယစ်ဆေးဝါတွေ ပပျောက်အောင် အသိပညာရရှိအောင် လုပ်ဆောင်သွားမယ်။ နောက်ပြီး ကလေးတွေကို မူးယစ်ဆေးဝါးသုံးစွဲရင် အသည်းတို့ အဆုတ်တို့  ထိခိုက်ပျက်ဆီးစေပြီး မှတ်ညဏ်တွေ ထိခိုက်စေတဲ့အကြောင်းတွေကို ပုံတွေနဲ့ ရှင်းရှင်းလင်းလင်း ပြသမယ်။ နောက်ပြီးမူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းတဲ့အခါမှာလဲ လူငယ်တွေ ပါဝင်လာဖို့အတွက် တိုက်တွန်းမယ်"ဟု အဆိုပါ တပ်ဖွဲ့စုမှ တာဝန်ရှိသူ တစ်ဦးကပြောသည် ။

လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု တွင်ကျယ်နေခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစီအမံတစ်ခု ချမှတ်ဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေမှုများ လျော့နည်းပပျောက်စေရန် အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများ သာမက လူငယ် လူရွယ်များနှင့် ၄င်းတို့၏ မိဘများ ပါဝင်လာရေး အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း၎င်းကပြောသည်။

မန္တလေးမြို့တွင် ၂၀၁၇ ခုနှစ်တွင် မူးယစ်ဆေးဝါး စုစုပေါင်းတန်းဖိုး ကျပ်သန်းပေါင်း (၃၁၉၆၀.၅၁၀၄၃) ခန့် (အမေရိကန်ဒေါ်လာ ၂၃.၅၀ဝ၃၇သန်း) အား မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ၂၀၁၈ခနှစ်တွင် ကာလတန်ဘိုးငွေ ကျပ်သန်းပေါင်း (၁၅၂၉၁၅.၄၁) ခန့် (အမေရိကန် ဒေါ်လာ ၁၁၃.၂၇ သန်းကျော်) ကို မီးရှို့ဖျက်ဆီးခဲ့သည်။

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံရယူနိုင်ရန် 'မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန' ကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းလိုက်ပြီး ယင်းဌာန၏ လိပ်စာများဖြစ်သော အော်တိုတယ်လီဖုန်းနံပါတ် ဝ၆၇-၅၉၀၂၀ဝ ၊ ဖက်စ်ဖုန်းနံပါတ် ဝ၆၇-၅၉၀၂၃၃  နှင့် အီးမေးလ်လိပ်စာ [email protected] သို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

သူရိန်လင်း

 

mdn

 

mdn