မန္တလေးကျုံးဘေးတွင် ပန်းချီပြပွဲကျင်းပ

မန္တလေး ၃၁ မေ

လင်းရောင်ခြည် စာကြည့်တိုက်နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာမှ ကျင်းပပြုလုပ်သော နွေရာသီပန်းချီသင်တန်းဆင်း လူငယ်များ ပန်းချီပြပွဲကို မန္တလေးမြို့ ၂၆လမ်း၊ ၆၆×၆၈ လမ်းကြားတွင် ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

အဆိုပါ ပန်းချီပြပွဲကို လင်းရောင်ခြည်စာကြည့်တိုက်နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာမှ နွေရာသီ ပန်းချီသင်တန်းကို နှစ်လကြာ အခမဲ့ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ ယင်းသင်တန်းမှ  သင်တန်းဆင်း လူငယ် ၂၈ ဦး ရေးဆွဲခဲ့သော ပန်းချီကား ချပ်ပေါင်း ၆၈ ကားအား ခင်းကျင်းပြသလျက်ရှိကြောင်း၊ ပြပွဲကို နံနက် ၈ နာရီ မှ ညနေ ၅ နာရီထိ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ခင်းကျင်းပြသထားသော ပန်းချီကားချပ်များအား လာရောက်ကြည့်ရှုသူများမှ ရွေးချယ်ပေးသော Popular Award ဆုအား ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ အဆိုပါဆုချီးမြှင့်ပွဲအား ဇွန်လ ၂ ရက်နေ့တွင် ၂၆ လမ်းနှင့် ၆၂×၆၃ လမ်းကြားရှိ လင်းရောင်းခြည်စာကြည့်တိုက်နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ ပြပွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ပန်းချီ သင်တန်းဆင်းလူငယ်များ၏ လက်ရာလေးတွေကောင်းမွန်ပါတယ်။ သူတို့ ရဲ့ဖန်တီးမှု၊ သူတို့ရဲ့စိတ်ကူး လက်ရာ ပုံဖော်ထားတာ ရသမြောက်ပါတယ်။ Popular Award ဆုအတွက်လည်း Vote ပေးရွေးချယ်ခဲ့ပါတယ်။ လာရောက်လေ့လာသူတွေများပါတယ်။” ဟု ပန်းချီပြပွဲအား လာရောက်လေ့လာသူ မန္တလေးခရိုင် ပြန်/ဆက်မှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။

သန်းဇော်မင်း(ပြန်/ဆက်)