မန္တလေးမြို့ ဘော်ဒါဆောင်တစ်ခုတွင် စွန့်ပစ်ဆေးလိပ်မီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

မန္တလေး  ၃၁   ဇန်နဝါရီ

 

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ ၃၃လမ်း ၈၄လမ်းနှင့် ၈၅ကြားရှိ ဘော်ဒါဆောင် နောက်ကျော၌ ဆေးလိပ်မီးစွန့်ပစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် ဘော်ဒါဆောင်အနီးတွင် ဓာတ်ဆီဆိုင်ရှိသည့်အတွက် မီးငြှိမ်းသတ်ယာဉ် (၃၀)ကျော်ဖြင့် မီးလောင်မှုအဆင့် Level-2 သတ်မှတ်ပြီး မီးငြှိမ်းသတ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် အဲယားကွန်းအောက်ဒိုးတစ်လုံးနှင့် ထိုင်ခုံအတိုအစများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

တင်ဇာလှိုင်