မန္တလေးမြို့အတွင်းပြေးဆွဲလျက်ရှိသော လူစီးသုံးဘီးအငှားယာဉ်များ ဆေးရောင်တစ်ရောင်တည်း(အဝါ)ဖြစ်စေရေး ဆောင်ရွက်ရန်အသိပေး

 

မန္တလေး   ဧပြီ ၂၁

 

မန္တလေးမြို့တော်ကို မြို့ပြအင်္ဂါရပ်နှင့်အညီ  သန့်ရှင်းသာယာလှပစေရေး၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း စနစ်တကျရှိစေရေး၊ ခရီးသည်များ လုံခြုံချောမွေ့စွာ ဖြင့်သွားလာမှု ပိုမိုအဆင်ပြေစေရန်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်၍   မန္တလေးတိုင်း ဒေသကြီး ဒေသဆိုင်ရာကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ဆုံးဖြတ်ညွှန်ကြားချက်အရ မန္တလေးမြို့တော်         စည်ပင်သာယာနယ်နိမိတ်အတွင်း ခရီးသည်များတင်ဆောင်ပြေးဆွဲလျက်ရှိသည့် လူစီးသုံးဘီး  အငှားယာဉ်များကို ဆေးရောင်တစ်ရောင်တည်း အဝါရောင် (ကုဒ်နံပါတ်  - 455) ကို ၂၀၂၃ခုနှစ် ဇွန် ၃၀ ရက်အတွင်း ဆေးရောင်ပြောင်းရန် လူစီးသုံးဘီး အငှားယာဉ်ပိုင်ရှင်များသို့ ကြိုတင်အသိပေး နှိုးဆော်ခဲ့ပြီး ဖြစ်သည်။

 

လူစီးသုံးဘီး  အငှားယာဉ်ပိုင်ရှင်များအနေဖြင့် သတ်မှတ်ရက်အတွင်း ပြီးစီးအောင်ဆောင် ရွက်ကြရန်နှင့်   သတ်မှတ်ရက် ၃၀-၆-၂၀၂၃ အတွင်း ဆောင်ရွက် ရန်ပျက်ကွက်သည့် လူစီးသုံးဘီး အငှားယာဉ်များကို      ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ (မြို့တွင်း)က အသိပေးနှိုးဆော်ထားသည်။

သွင်ထူးဉာဏ်ဇော်(မန္တလေး)