မန္တလေးမြို့၌ မကြာမီ ဖွင့်လှစ်မည့် ၃၈ လမ်း (အသစ်)ပေါ်မှာ ထိုင်းစိန်ပန်းနီများ စိုက်ပျိုးနေ

မန္တလေး ၂၈ မေ

 

မန္တလေးမြို့၌ မကြာမီ ဖွင့်လှစ်မည့် ၃၈ လမ်း(အသစ်)ပေါ်မှာ ထိုင်းနိုင်ငံမှ ဝယ်ယူထားသည့် စိန်ပန်းနီတစ်ပင်ကို ကျပ်ငွေ တစ်သိန်း တန်ဖိုးရှိ အပင်များ စိုက်ပျိုးနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံက သိရသည် ။

 

1

 


လက်ရှိတွင် လမ်းဖွင့်လှစ်နိုင်ရန်အတွက် အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်း၊ နိုင်လွန်ကတ္တရာများခင်းခြင်း စသည်တို့ လုပ်ဆောင်နေသလို ရေစီးရေလာ ကောင်းရန်အတွက် မြောင်းများ ဖောက်လုပ်နေကြောင်း သိရသည်။

 

1

 


"စိန်ပန်းနီတွေကို ထိုင်းကနေ မှာယူပြီး စိုက်ပျိုးနေတယ်။ အစကတော့ ၅၂ ပင် ပဲမှာယူထားတာ အခုမလောက်လို့ဆိုပြီး ပြန်မှာယူထားတယ်။ အားလုံးပေါင်း ၁၀၈ ပင်ထိ စိုက်ပျိုးသွားမယ်။ အဲ့ဒီစိန်ပန်းနီတွေကို သင်္ဂဟ ဖောင်ဒေးရှင်းက လှူဒါန်းတာပါ" ဟု မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည်။

 

1

 


အဆိုပါ လမ်းကိုဖောက်လုပ်ရန် ယခင်က တပ်မတော် နယ်မြေခံတပ်ရင်းတစ်ခု၏ အုတ်တံတိုင်းခတ် ဧရိယာတွင် ပါဝင်နေသောကြောင့် ၇၈ လမ်းမှ ၇၃ လမ်း (မန္တလေးတက္ကသိုလ်အဝင်လမ်း) အထိ တစ်ဆက်တည်း သွားလာ၍ မရသော လမ်းပိတ်လမ်း ဖြစ်သည်။ ၇၃ လမ်းနှင့် ၇၈ လမ်းနှင့် တဆက်တည်းဖြစ်သည့် ၃၈ လမ်းဖြစ်ပြီး ဖြတ်သန်းဖောက်လုပ်ရာတွင် လိုအပ်မည့် နယ်မြေခံ တပ်ရင်းတစ်ခု၏ မြေဧရိယာ တစ်စိတ်တပိုင်းကို အသုံးပြုနိုင်ရန် ၂၀၁၇ ခုနှစ် ဇန်နဝါ ရီ ၂၃ ရက်တွင် တပ်မတော်၏ ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။


ယခုဖောက်လုပ်နေသော ၃၈ လမ်းသည် ပေပေါင်း ၂၆၀ဝ ပေ ရှည်လျားပြီး လမ်းအကျယ် ပေ ၆၀ နှင့် ပလက်ဖေါင်း ဧရိယာသည် ၆ ပေ ကျယ်ဝန်းကြောင်း သိရသည်။


အဆိုပါ ၃၈ လမ်းကို ဇွန်လ ၁၉ ရက်နေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။


သူရိန်လင်း