မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး လှည့်လည်လှုံ့ဆော်

မန္တလေး ၁၆ ဧပြီ

 


Clean Mandalay Campaign အသင်းမှ လူငယ်များ ပူးပေါင်း၍ မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော် ကျုံးဘေးတွင် အမှိုက်များ စနစ်တကျစွန့်ပစ်ရေး လှည့်လည်လှုံ့ဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


“Clean Mandalay Campaign အသင်းမှာ အသင်းဝင်(၇၀)ဦးကျော်ဖြင့် ဖွဲ့စည်းထားပါတယ်၊ သင်္ကြန်ပွဲတော်ကာလမှာ ကျုံးဘေးမှာ နေ့စဉ် အမှိုက်ကောက်ပါတယ်၊ ပိုစတာတွေကိုင်ဆောင်ပြီးတော့လည်း Campaign လုပ်ပါတယ်၊ မန္တလေးမြို့ကြီး သန့်ရှင်းသာယာလှပစေတဲ့ ရည်ရွယ်ချက်နဲ့ပါ၊ မနှစ်ကလည်း ကျုံးဘေးမှာ ခုလိုလှည့်လည်ပြီး အမှိုက်ကောက်ပါတယ်”ဟု Clean Mandalay  Campaign မှ တွဲဘက်အတွင်းရေးမှူး ကိုဇော်မိုးက ပြောကြားသည်။

 


အဆိုပါ လူငယ်အဖွဲ့သည် မန္တလေးကျုံးပတ်လည်တွင် သင့်ကြောင့် အမှိုက်မရှုပ်ပါစေနှင့် သတိရှိပါ တို့မြန်မာ၊ ရပ်ကွက်ဝန်းကျင်သန့်ရှင်းဖို့ စွန့်ပစ်အမှိုက်စနစ်တကျ သိမ်းဆည်းစို့၊ အမှိုက်ပုံးတွင် အမှိုက်ပစ်ပါ၊ အစရှိသော ပိုစတာများ ကိုင်ဆောင်၍ မန္တလေးကျုံးပတ်လည်တွင် Campaign လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော်တွင် အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ မန္တလေးကျုံးပတ်လည်တွင် အမှိုက်ပုံးများ ထားရှိဆောင်ရွက်ထားကြောင်း သိရသည်။

 


သန်းဇော်မင်း(ပြန်/ဆက်)

 

dd