မန္တလေးမြို့တွင် ကြာပန်းနှင့်ကိတ်မုန့် တစ်မျိုးတည်းဖြင့်သာ ထူးခြားစွာ ကပ်လှူပူဇော်ကြသည့် ဘုရားပွဲတော်များ တန်ဆောင်တိုင်လပြည့်နေ့တွင် အစဉ်အလာမပျက် ကျင်းပမည်

မန္တလေး  ၂၄   အောက်တိုဘာ 

မန္တလေးမြို့တွင် ရာသီအလိုက်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်နှင့်အပြိုင် ကိတ်မုန့်တစ်မျိုးတည်းဖြင့်သာ ထူးခြားစွာ ကပ်လှူ၍ ကျင်းပသည့် ရွှေစောလူးဘုရားပွဲတော်နှင့် ကြာပန်းတစ်မျိုးတည်းဖြင့်သာ ကပ်လှူပူဇော်ကျင်းပသည့် ရှင်မာလဲ ဘုရား ပွဲတော်များကို တန်ဆောင်မုန်းလပြည့်နေ့တွင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ေ

 

အဆိုပါဘုရားပွဲတော်များအနက် အမရပူရမြို့နယ်၊ မိကျောင်းတက် ကျေးရွာတွင် သက္ကရာဇ် ၃၆၄ ခုနှစ်ကတည်းက တည်ထားကိုးကွယ်ခဲ့သော ရွှေစောလူးဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တန်ဆောင် မုန်းလဆန်း ၁၄ရက်နေ့မှ လပြည့်နေ့အထိ ကျင်းပလေ့ရှိပြီး အဆိုပါပွဲတော်တွင် ဘုရားရှင်အား ရှေးအစဉ်လာမပျက် ကိတ်မုန့်တစ်မျိုးတည်းဖြင့်သာ ကပ်လှူပူဇော်၍ ကျင်းပကြောင်း ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ဝင် ကိုထူးချွန်က ပြောသည်။

 

ေ

 

''ဒီဘုရားရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို လွန်ခဲ့တဲ့နှစ်၂၀ကျော်ကစပြီး ကုန်းပွဲ ရေပွဲ နှစ်မျိုးနဲ့ ကျင်းပခဲ့ပါတယ်။ပွဲတော်ရဲ့ထူးခြားချက်ကတော့ ကိတ်မုန့်တစ်မျိုး တည်းနဲ့သာ ကပ်လှူပူဇော်ပြီး ကိတ်မုန့်တွေမှာ အလှူရှင်ရဲ့အမည်ကို ရေုးထိုးပြီး ကုသိုလ်ပြုလှူဒါန်းကြပါတယ်။ ပိုပြီးထူးခြားတာကတော့ ကိတ်မုန့်ကပ်လှူထားတဲ့အချိန် မှာ ပုရွက်ဆိတ်တက်တာယင်ကောင်နားတာ  မတွေ့ရဘူး၊ကုန်းပွဲဆိုတာက ကိတ်မုန့်ကပ်လှူတဲ့ပွဲဖြစ်ပြီး ရေပွဲဆိုတာကတော့ ဆီမီး ၃၀ဝဝ မီးမျှောပူဇော်ပွဲနဲ့ ဒုဌဝတီ မြစ်အတွင်းဖောင်တော်လှည့်လည်ခြင်းတွေအပြင် လှေလှော်ပြိုင်ပွဲတွေလည်း ပျော်ရွှင်စွာ ထည့်သွင်းကျင်းပသွားမှာပါ ''ဟု ဘုရားပွဲတော်ကျင်းပရေးအဖွဲ့ဝင် ကိုသူက ပြောသည်။

ထို့အပြင် မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး၏ ဒုတိယ မဟာရံတံတိုင်းမြောက်ဘက်တွင် မင်းရှင်စောလက်ထက်ကတည်းက တည်ထား ကိုးကွယ်ခဲ့သည့် ရှင်မာလဲစေတီ၏ ဘုရားပွဲတော်ကိုလည်း တန်ဆောင်တိုင်လပြည့်နေ့တွင် ကြာဖြူ၊ ကြာနီ၊ ကြာညို စသည့် ကြာပန်း အမျိုးမျိုးဖြင့် ဆက်ကပ်လှူဒါန်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)