မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဘိလိယက်နှင့် စနူကာချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပမည်

မန္တလေး ၂၅   သြဂုတ် 

မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဘိလိယက်နှင့် စနူကာချန်ပီယံရှစ်( Mandalay IBSF World Billiards & Snooker Championship) 2019 ပြိုင်ပွဲကို စက်တင်ဘာ လ ၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်း ပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်က ပြောကြားသည်။

 

mdn

 

အဆိုပါပြိုင်ပွဲကို ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ်အတွင်းက ကျင်းပခဲ့ ပြီး ယခုနှစ်တွင် မန္တလေးမြို့ရှိ Multipurpose Stadium တွင် ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ အားကစားသမား ၁၀ဝ ကျော် လာရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

"ကမ္ဘာ အဆင့်ပြိုင်ပွဲကြီးဖြစ်တဲ့အတွက် ကမ္ဘာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအပါအဝင် နိုင်ငံအသီးသီးက ဥက္ကဋ္ဌတွေနဲ့ ဒိုင်လူကြီးတွေအစုံအလင် ရောက်ရှိလာကြမယ့်အတွက် ကြီးကျယ်ခန်းနားတဲ့ ပြိုင်ပွဲကြီးဖြစ်လာမယ်လို့ ယူဆပါတယ်။ ဒီပြိုင်ပွဲဖြစ်မြောက်ဖို့အတွက် အဖက်ဖက်က ကူညီဆောင်ရွက်ပေးကြသူတွေကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဘိလိယက်အားကစားအနေဖြင့် ၂၀ဝ၅၊ ၂၀ဝ၇၊ ၂၀၁၃ နှင့် ၂၀၁၅ ခုနှစ် Sea Game ပြိုင်ပွဲများတွင် ရွှေတံဆိပ်များရရှိခဲ့ပြီး၊ ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် အာရှပြိုင်ပွဲများတွင် ချန်ပီယံဆု၊ ၂၀ဝ၇၊ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ကမ္ဘာအဆင့်ပြိုင်ပွဲများတွင် တတိယဆု၊ ၂၀၁၈ ခုနှစ် ကမ္ဘာအဆင့်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြောင်း သိရသည်။  

မင်းထက်အောင်(မန်းကိုယ်ပွား)