မန္တလေးမြို့တွင် ယာဉ်စည်းကမ်းထိမ်းသိမ်းရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်

၁၈ ဇွန်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၁၂လမ်းနှင့် ၆၆လမ်းထောင့် သုဓမ္မာဇရပ်နေရာတွင် ဇွန် ၁၆ ရက် နံနက်ပိုင်းက အမှတ်(၈၅)ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်စုမှူးရဲအုပ် စိုးဝင်းသန်း ဦးစီးသော ယာဉ်ထိန်း တပ်ဖွဲ့ဝင်များမှ ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်များ အားယာဉ်စည်ကမ်း/လမ်းစည်းကမ်း ပညာပေး ဆောင်ရွက်ခဲ့ကြပြီး ယာဉ်မောင်းများ ယာဉ်ပိုင်ရှင်များကို လက်ကမ်းစာဆောင်များကိုလည်း ဝေငှပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု လျှော့ပါးစေရန် အဆိုပါလုပ်ဆောင်ချက်များကို မကြာခဏ လမ်းနေရာများ ပြောင်းရွှေ့ကာ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲအုပ်စိုးဝင်းသန်းက ပြောပြ၍ သိရသည်။

လူအောင်(ကသာ)

 

mdn