မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ငွေကျပ်သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၇ 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ငွေကျပ်သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စွယ်တော် ကားဝင်းရှေ့တွင် ဘိုဘိုဌေး(၃၆)နှစ် မောင်းနှင်သည့် FUSO ၁၂ ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ ဆပ်ပြာခွက် ၂,၂၅၇ ခွက်ဖြင့်ထည့်ထားသော  ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅,၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ဒသမ ၅၇ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ အဆိုပါဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)