မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်ရန် လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သမားများ သေဆုံး

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်ရန် လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်းဖက်သူ အမျိုးသား နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

 

ဖြစ်စဉ်မှာ ယနေ့နံနက် ၅ နာရီ မိနစ် ၂၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၂) ရပ်ကွက်၊ ၇၃ လမ်းနှင့် ၁၀၇ လမ်းထောင့်၌ အကြမ်းဖက်သူ အမျိုးသား နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ရန် လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့ အနီးမှ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၉ မမ ကျည် ၁၄ တောင့်၊ လက်လုပ်မိုင်း နှစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

mdn

 

အလားတူ ယနေ့နံနက် ၅ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်၊ ရတနာပုံတက္ကသိုလ် မီးပွိုင့်အနီး ၇၈ လမ်းအတိုင်း တောင်မှ မြောက်သို့ အကြမ်းဖက်သူ အမျိုးသား တစ်ဦးက လက်လုပ်မိုင်းအား ဆိုင်ကယ်တူးဘောက်စ် အတွင်းထည့်၍ မောင်းနှင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖြစ်ပြီး လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသားတွင် ခန္ဓာကိုယ် အောက်ပိုင်းပြတ်ထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

အထက်ပါပေါက်ကွဲမှုဖြစ်စဉ်များမှ သေဆုံးသူများအား ရဲလုပ်ငန်းစဉ်များနှင့်အညီ သေမှု သေခင်းရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်