မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၅၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ကျော် ဖမ်းဆီးရမိ

နေပြည်တော် ၃ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၅၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ပြင်ဦးလွင်ဘက်မှ မန္တလေးဘက်သို့ စိုင်းထွန်းဦး (၃၁) နှစ် မောင်းနှင်ပြီး မင်းမင်းထွန်း (ခ) သားငယ် (၃၃) နှစ် လိုက်ပါလာသည့် မော်တော်ယာဉ်အား သတင်းအရ ရှာဖွေစစ်ဆေးရာ  ဒေသကာလတန်ဖိုး ငွေကျပ် ၇ ဒသမ ၅၇၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၅၀,၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမှ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်