မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲပြုလုပ်

နေပြည်တော်   ဖေဖော်ဝါရီ   ၂

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲကို ဖေဖော်ဝါရီ  ၁ ရက် မွန်းလွဲပိုင်းတွင် အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးမြို့တော်ဝန်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်တာ လွှတ်ခဲ့ရာ ပြိုင်ပွဲဝင်အားကစားသမား ၁၂၂ ဦးက ကျုံးမြို့ရိုးသုံးပတ် စက်ဘီးစီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဒေသခံပြည်သူများက လမ်းဘေး တစ်လျှောက် အားပေးခဲ့ကြကာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှေ့တွင် ပန်းဝင်ကြ သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ကြသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မိသားစုဌာန အလိုက် ထမနဲထိုးပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် စတုဒိသာည့်ခံပွဲများ ပျော်ရွှင်စွာကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်