မန္တလေး ဇူလိုင် ၁၆

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့်ပတ်သက်၍ ပြည်တွင်းထုတ်လုပ်ခွင့်ကို Online E-submission system ဖြင့် (www.fda.gov.mm) မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA ) ရုံးခွဲမှ သိရသည်။

 

မန္တလေးတိုင်းဒေသကြီး FDA ရုံးအနေဖြင့် လုပ်ငန်းအမျိုးအစားများအပေါ်မူတည်၍ ခွင့်ပြုချက်များ စိစစ်ထုတ်ပေးလျက်ရှိပြီး အချိန်ကြန့်ကြာမှုမရှိဘဲ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးသွားရန် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အဆိုပါရုံးအား ယနေ့သွားရောက်ကြည့်ရှု စစ်ဆေးစဉ် မှာကြားခဲ့သည်။

 

ထို့ပြင် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့် သိရှိလိုက်နာရမည့် အချက်များ၊ လျှောက်ထားလာမှုများကို စိစစ်မှုလုပ်ငန်းစဉ်များ ပိုမိုကျယ်ပြန့်စွာ သိရှိလာစေရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်