မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော် ၁၁ ဇူလိုင် 

 


သစ်တောဦးစီးဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်ဖြင့် သတင်းပေးပို့ချက်အရ တရားမဝင်သစ်များ ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းကို သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၉ ရက်က မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင် ကားလမ်း (၁၆)မိုင် စစ်ဆေးရေးစခန်းနေရာ၌ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ ပိတောက် ခွဲသား(၃၂)ချောင်း (ဝ ဒသမ ၅၂၄၆)တန်နှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဉီး ဖမ်းဆီးရမိခဲ့သည်။

 


ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် မိုးမိတ်မြို့နယ် ယင်းမာကြိုးဝိုင်းအတွင်း၌ ကျွန်း၊ သစ်ယာ၊ အင်ကြင်း၊ ပျဉ်းကတိုး၊ ယင်းမာ၊ သပြေ၊ အင်သစ် စုစုပေါင်း (၂၁)လုံး (၄ ဒသမ ၂၆၅၆) တန်ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 


မောင်လူမော်

 

weef