မန္တလေး ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးအောင်သည် မန္တလေး မြို့မှ ပြန်လည်ထွက်ခွာသည့် ထိုင်းနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်သော ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ Colonel Thoetsak Jaiaree ပါ ၂၁ ဦးနှင့် Thailand Emergency Medical Team မှ အဖွဲ့ခေါင်းဆောင် Dr . Patt- haphong Pracjasontikul ပါ ၂၇ ဦး စုစုပေါင်း ၄၈ ဦးတို့အား ယနေ့နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ ibis Style Hotel Mandalay Center ၌ တွေ့ဆုံ နှုတ်ဆက်သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူ များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ၊ စိတ်ဓာတ်ခွန်အားပေးခြင်းများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုများနှင့် လုပ်ငန်းစဉ်များအပေါ် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး မန္တလေးငလျင်ကြီးနှင့် ပတ်သက်၍ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး၍ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်