မန္တလေးတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့်  ဆုချီးမြှင့်ပွဲ ကျင်းပ

မဟာအောင်မြေ    ၁၄   ဇူလိုင်

 

မန္တလေးတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့်  ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၁၁) နာရီက မန္တလေးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌  ပြုလုပ်ခဲ့သည်။

 

မန္တလေးတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံအားကစားပွဲများအား ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင်   ကျင်းပ‌ခဲ့ရာ မန္တလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ  စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့ကြသော ဆုရရှိသူများအား ဒုတိယပါမောက္ခချုပ် ဒေါက်တာမောင်မောင်ဝင်း၊ စစ်တုရင်အားကစား ဆပ်ကော်မတီ ဥက္ကဌ ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်ခင်စန်းလှိုင်နှင့် ပါမောက္ခဌာနမှူးများက ဆုများအသီးသီး ချီးမြှင့်ခဲ့‌ကြောင်း သိရသည်။

 

အောင်ဇော်မင်း