မန်ယူအသင်းတိုက်စစ်မှူး လူကာကူအားဂျူဗင်တပ်အသင်းက ခေါ်ယူရန် ပြင်ဆင်နေ

mdn

၂၈ ဇူလိုင်

 

ဂျူဗင်တပ်အသင်းဟာ မန်ယူအသင်းရဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူအား ခေါ်ယူဖို့ပြင်ဆင် လျက်ရှိတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ မန်ယူအသင်းတိုက်စစ်မှူး လူကာကူကိုခေါ်ယူဖို့ အီတလီစီးရီးအေကလပ် အင်တာမီလန် အသင်းကလည်း မန်ယူအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ မန်ယူအသင်းကတော့ တိုက်စစ်မှူး လူကာကူကိုရောင်းချဖို့စီစဉ်နေပြီး ပြောင်းရွှေ့ကြေးပေါင် ၇၉ သန်းအထိလိုချင်တယ်လို့ ဆိုပါတယ်။ 

 

အင်တာမီလန်အသင်းနည်းပြသစ် ကွန်တီအနေနဲ့ လူကာကူကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ သောကြာနေ့က အတိအလင်း ပြောကြားလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အီတလီစီးရီးအေပြိုင်ဘက် အသင်း နှစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ ဂျူဗင်တပ်အသင်း တို့ဟာ လူကာကူကို ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

 

ဂျူဗင်တပ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက စီရိုနယ်လ်ဒိုရောက်ရှိလာတာကြောင့် လူကာကူကိုခေါ် ပြီး ဒိုင်ဘာလာကို ရောင်းချဖို့လည်း စီစဉ်နေပါတယ်။