မန်ယူတွင် ပေါ့ဘာ၏ အနာဂတ်မရှိတော့ဟု ပေါ့ဘာ၏ အေးဂျင့် ရွိုင်အိုလာ အတည်ပြု

၈ ဒီဇင်ဘာ

 

 

မန်ယူကွင်းလယ်လူ ပေါ့ဘာနဲ့ မန်ယူတို့ လက်တွဲမှုဟာ ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ပေါ့ဘာရဲ့ အေးဂျင့် ရွိုင်အိုလာက ဆိုလိုက်ခြင်းဖြင့်  ပေါ့ဘာဟာ မန်ယူကနေ သေချာပေါက် ထွက်ခွာ မယ်ဆိုတာ အတည်ပြုလိုက်ပါတယ်။

 

 

ရွိုင်အိုလာက “ကျွန်တော်ပြောနိုင်တာ တစ်ခုကတော့ ပေါ့ဘာနဲ့  မန်ယူတို့ လက်တွဲမှုက တစ်ခန်းရပ် သွားခဲ့ပါပြီ။ မန်ယူမှာ သူမျှော်လင့်တာ၊ သူချပြချင်တာတွေ မပြသနိုင်တာကြောင့် သူမပျော်ပါဘူး” လို့ ဆိုပါတယ်။

 

 

ပေါ့ဘာဟာ ဒီနှစ် မန်ယူအသင်းမှာ ၁၃ ပွဲသာ ဝင်ရောက်ကစားခွင့်ရပြီး အဲဒီထဲကမှ ခြောက်ပွဲသာ ပွဲထွက်ကစားသမား အနေနဲ့ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ပေါ့ဘာအတွက် မပျော်ရွှင်နိုင်ဘဲ မန်ယူမှာ သူ မပျော်ရွှင်ဘူးဆိုတာကိုလည်း  အတိအလင်းဖွင့်ဟ ထားပြီးဖြစ်ပါတယ်။

 

 

ပေါ့ဘာနဲ့ မန်ယူအသင်းတို့ လက်ရှိ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၁၈ လသက်တမ်း ကျန်ရှိနေသေးတဲ့အတွက်   ပေါ့ဘာကိုခေါ်ယူချင်တဲ့  ကလပ်အသင်း အနေနဲ့ မန်ယူဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေရဖို့ ရှိနေပါတယ်။ ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ အသင်းဟောင်း ဂျူဗင်တပ်၊ ပြင်သစ်ကလပ် ပီအက်စ်ဂျီ၊ စပိန်ကလပ် ရီးယဲလ်မက်ဒရစ်တို့ ပါဝင်နေပြီး ဘယ်အသင်းကို ပေါ့ဘာသွားမလဲဆိုတာ လာမယ့် နွေဈေးကွက်အတွင်း အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။

 

 

မေလဲ့သင်း