Moderna ကာကွယ်ဆေးက ဗီဇပြောင်း ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဟု ဆို

၂၆ ဇန်နဝါရီ

 

 

တောင်အာဖရိကနှင့် ဗြိတိန်နိုင်ငံတို့တွင် တွေ့ရှိခဲ့ရသည့် ဗီဇပြောင်း ဗိုင်းရပ်စ်ကို Moderna ကာကွယ်ဆေးက ကာကွယ်နိုင်ကြောင်း အမေရိကန် ဆေးကုမ္ပဏီဖြစ်သည့် Moderna က ပြောကြားခဲ့သည်။

 

 

ကာကွယ်ဆေး ထိုးထားသည့် လူရှစ်ဉီးနှင့် မျောက်များ၏ သွေးနမူနာကို အသုံးပြုပြီး စမ်းသပ်ထားသည့် ရလဒ်တစ်ခုကို ယမန်နေ့က ကုမ္ပဏီက ကြေညာခဲ့ခြင်း ဖြစ်သည်။

 

 

Moderna ကာကွယ်ဆေးသည် ဗြိတိန်နှင့် တောင်အာဖရိတွင် တွေ့ရှိရသည့် ဗီဇပြောင်း ဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

တောင်အာဖရိက၏ ဗိုင်းရပ်စ်မူကွဲဖြင့် ကာကွယ်ဆေးကို ဖန်တီးထားခြင်းဖြစ်ပြီး ပဋိပစ္စည်းများသည်  ယခင်က မျိုးကွဲများနှင့် နှိုင်းယှဉ်ကြည့်လျှင် အဆင့်ခြောက်ဆင့်ခန့် ကျဆင်းသွားသည်ဟု ဆိုသည်။

 

 

အဆိုပါ အဆင့်ခြောက်ဆင့်ကို Moderna ကာကွယ်ဆေးက ကာကွယ်ပေးပြီး ကာကွယ်ဆေး၏ အာနိသင်ကို တိုးမြှင့်ထုတ်လုပ်လိုက်ခြင်းဖြင့် တောင်အာဖရိက၏ ဗိုင်းရပ်စ်မျိုးကွဲကို ပိုမို ထိရောက်နိုင်စွမ်းရှိ မရှိကို စမ်းသပ်မှု ပြုလုပ်နေဆဲဖြစ်သည်။

 

 

ဗီဇပြောင်း ဗိုင်းရပ်စ် မျိုးကွဲ ကူးစက်ခံထားရသူများကိုလည်း လက်တွေ့ စမ်းသပ်ရန် စီစဉ်လျက် ရှိသည်ဟု ဆိုသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်