ရန်ကုန် ဇူလိုင် ၂၃
မြန်မာနိုင်ငံတွင် မသန်စွမ်း အားကစားကဏ္ဍ အရှိန်အဟုန်မြင့် တိုးတက်လာစေရန်နှင့် နိုင်ငံတကာပြိုင်ပွဲများ၌ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် မျိုးဆက်သစ် ထူးချွန်မသန်စွမ်းအားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝန်းမှ အားကစားဝါသနာပါသည့် မသန်စွမ်းလူငယ်များကို ရှာဖွေဖိတ်ခေါ်သည့် အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ သိရသည်။
အဖွဲ့ချုပ်အနေဖြင့် လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ ပါရမီပါသည့် အားကစားသမားများအား စိစစ်ရွေးချယ်လေ့ကျင့်ပေးနိုင်ရန် အထူးစီမံချက်များရေးဆွဲကာ မျိုးဆက်သစ်အားကစားသမားများ ရှာဖွေ ရေးအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိစစ်ရွေးချယ်လျက်ရှိရာ အားကစားဝါသနာပါပြီး ကြိုးစားလိုစိတ်ရှိသည့် မသန်စွမ်းလူငယ်များရှိပါက မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
TMK


