မတ်လအတွင်း အမေရိကန်နိုင်ငံသားတိုင်းအတွက် ကိုဗစ် - ၁၉ ကာကွယ်ဆေး လုံလောက်စွာ ရနိုင်ဟုဆို

ဝါရှင်တန်   ၁၀  အောက်တိုဘာ

မတ်လအစောပိုင်းတွင် အမေရိကန်နိုင်ငံသားများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံအလောက် ရရှိနိုင်သည်ဟု အမေရိကန်ကျန်းမာရေးနှင့် လူသားအရင်းအမြစ် ဝန်ဆောင်မှုဝန်ကြီး အလက်အက်ဇာက အောက်တိုဘာ ၈ ရက်တွင် ပြောကြားသည်။

အမေရိကန် အစိုးရ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးအစီအစဉ်မှာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်ကုန်ပိုင်းတွင် သန်း ၁၀၀ အထိ ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ၂၀၂၁ ခုနှစ် မတ်လတွင် အမေရိကန်နိုင်ငံသားတိုင်း ကာကွယ်ဆေးရရှိနိုင်ရန် စီမံကိန်းချလုပ်ဆောင်နေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ အမေရိကန်နိုင်ငံသည်လက်ရှိတွင် အစိုးရကထောက်ပံ့ပေးထားသည့် အလားအလာကောင်းသည့် ကာကွယ်ဆေးခြောက်မျိုးကို စက်ရုံပေါင်း ၂၃ ခုမှ ထုတ်လုပ်လျက်ရှိသည်။

အမေရိကန်တွင် စမ်းသပ်လျက်ရှိသည့် အချို့သောကာကွယ်ဆေးများမှာလည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး ယင်းကာကွယ်ဆေးများတွင် Moderna iPfizen AstraZeneca နှင့် Johnson& Johnson တို့ ပါဝင်ကြသည်။

ဆင်ဟွာ