မတ္တရာမြို့နယ် ဆူးလေကုန်းရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွား

မတ္တရာ ၂၃ မတ်

 

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ဆူးလေကုန်းကျေးရွာတွင် မတ် ၂၂ ရက် ည ၈ နာရီအချိန်က ဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်စဉ်ကြောင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦး၊ မန္တလေးမှ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၂၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၄)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မတ္တရာ မြို့နယ် မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊  မီးငြှိမ်းသတ် ယာဉ် (၂)စီး တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ (၂၁)နာရီ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၂၁နာရီ ၃၀မိနစ် အချိန်တွင် မီးလုံးငြိမ်းသွားခဲ့သည်။ 

 

အဆိုပါ  မီးလောင်မှုကြောင့် (၄၈×၉၆)ပေ ပျဉ်ကာ၊ သွပ်မိုး၊ ပျဉ်ခင်း(၁)ထပ်ဆောင် လေသာဆောင်(၁)ဆောင်၊ (၂၄×၃၂)ပေ နံကပ်(၁)ထပ် နားဆောင်(၂)ဆောင်နှင့် (၁၆×၁၄)ပေ ပျဉ်ကာ၊ သွပ်မိုး၊ ပျဉ်ခင်း ခြေတံရှည်(၁)ထပ် ဆွမ်းစားဆောင်(၁)ဆောင် စုစုပေါင်း အဆောက်အဦ (၄)လုံး မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုကြောင့် တစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှု အကြောင်းအရင်းအား စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)

 

received_51