မတ္တရာ ဇူလိုင် ၁၄
(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ ကို ဇူလိုင်လ ၁၄ ရက်က မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် မဲကျရာခေါင်းစဉ်ဖြစ်သည့် “စိန်ရတုအာဇာနည်နေ့အတွေးများ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ဖြေဆိုစေခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုရရှိသူများကို အခမ်းအနားဖြင့် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)