မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

မတ္တရာ ဇူလိုင် ၁၀

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၉ ရက်က တောင်ပြုံးကြီးကျေးရွာတွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပိုးသတ်ဆေးဖျန်းခြင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆုတောင်းပြည့် ဆုတောင်းရဘုရား၊ မင်းနှစ်ပါးနတ်နန်း၊ စာသင်ကျောင်းနှင့် ကျေးရွာအတွင်း လမ်းတစ်လျှောက်ရှိ အများပြည်သူ ဝင်ထွက်သွားလာနေသော နေရာများနှင့် ဘူတာရုံတို့တွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မတ္တရာ)၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

 

mdn

 

မတ္တရာမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သော လူနာ၏ နေအိမ်များနှင့် ရပ်ကွက်များ၊ လူအများ ဝင်ထွက်သွားလာနေသော ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ စျေးများ၊ ကားဂိတ်များ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာရုံးများတွင် ကူးစက်မှု မဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မတ္တရာ)နှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)